Part(26)

28 2 0
                                    


Hello

Hello Baby ထတော့လေ 7 နာရီခွဲနေပြီ

May ကလည်း အစောကြီးပဲရှိသေးတာကို စာမေးပွဲဖြေပြီးသွားလို့
အိပ်ရေးဝဝ အိပ်မယ်လို့ တွေးထားတာကို ဘာမှန်းလည်းမသိဘူး
(အိပ်ချင်မူးတူးအသံလေးနဲ့ ဖုန်းပြောနေတဲ့ မေ့ရဲ့ ချစ်လှစွာသောကလေးလေး ဒီအသံလေးကို သိလိုက်ပါပြီ
အိပ်ရေးမဝသေးလို့ စိတ်တိုနေပြီဆိုတာကို)

ဒီနေ့ အိမ်ပြန်ရမှာလေကွာ ကားက 9 နာရီထွက်မှာ ကားဂိတ်ကိုသွားရအုံးမယ်လေ Baby က လိမ်မာပါတယ်
ထတော့နော် ကားပေါ်ရောက်မှပြန်အိပ်လေ နော်နော်

ဟင့် အဲ့ဒါဆိုလည်းပြီးရော ထပြီ ထပြီ

မေ့ က​လေးလေးကို အဲ့ဒါတွေချစ်နေရတာ

ဟွန့် Baby ကလည်း ချစ်ပါတယ်နော်

သိပါတယ်ရှင့် Baby; May ဖုန်းချလိုက်တော့မယ်နော် တာ့တာ

ဟုတ်ကဲ့

ဟျောင့်တွေ 7 နာရီခွဲကျော်နေပြီ ထကြတော့ May က ဖုန်းလှမ်းဆက်တယ် ကားက 9 နာရီထွက်မှာတဲ့

ဟင် ဟုတ်လား အေးအေး ထပြီ ထပြီ

အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ ရောက်သော်
Baby ကားမူးတတ်လား

နည်းနည်းတော့ မူးတတ်တယ်

May ကားမူးပျောက်ဆေးဝယ်ထားတယ်  ကားလည်းထွက်ခါနီးပြီဆိုတော့ သောက်ထားလိုက်တော့လေ

ဆေးက ခါးမှာပေါ့ Baby မသောက်ရဲဘူး အခါးကြောက်တယ်

ဆေးပဲ နည်းနည်းတော့ခါးမှာပေါ့ အရမ်းကြီးတော့ မခါးပါဘူး
Baby က လိမ်မာပါတယ် သောက်လိုက်ပါ

မသောက်ရဲပါဘူးဆို ငိုချင်လာပြီနော် 🙁

မခါးအောင် လုပ်ပေးမယ်

ဆေးကို မေ့ နှုတ်ခမ်းဝမှာ တေ့ပြီးတော့ လင်းရောင် နှုတ်ခမ်းလေးကို
စုပ်ယူနမ်းရှိုက်လိုက်ပါတော့သည် လင်းရောင် မျက်လုံးလေးပြူးသွားပြီး
မေ့ အနမ်း တွေကိုတုန့်ပြန်ဖို့မေ့နေခဲ့သည် ခဏကြာတော့မှ မေ့ နှုတ်ခမ်းတွေကို အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်ယူနမ်းရှိုက်နေပါတော့သည် အသက်ရှူဖို့လိုအပ်နေတဲ့
အချိန်ရောက်မှအနမ်းတွေကို ရပ်တန့်ပစ်လိုက်သည်
နှုတ်ခမ်းနှစ်ခုကို ခွာလိုက်တဲ့အချိန်ရောက်မှ လင်းရောင်လည်း ပါးစပ်ထဲက ဆေးကို ရေနဲ့သောက်လိုက်ပါတော့သည်

❣May❣ (Complete)Where stories live. Discover now