Part(19)

23 2 0
                                    


သော်ဇင် လင်းရောင်အခန်းထဲသို့ပြန်လာခဲ့သည်

လင်းရောင် မင်းဗိုက်ဆာနေမှာဆိုးလို့ မင်းအတွက် အချိုရည်ဝယ်ပြီး
ငါအရင်ပြန်လာခဲ့တယ် ရော့ဒီမှာ ဒါလေးသောက်ထားလိုက်
အဖုံးပါ တစ်ခါထဲဖွင့်ပေးထားတယ်

ငါ့သူငယ်ချင်းကို အဲ့ဒါတွေချစ်နေရတာ ငါလည်းသက်သာနေပြီပဲ
မင်းတို့လည်း ကျောင်းပြန်တတ်ချင်ရင်တတ်တော့လေ စာတွေနောက်ကျနေမယ်

အေးပါ မင်းမွေးနေ့ပြီးရင် ကျောင်းပြန်တတ်ဖို့ စီစဉ်ထားတယ်

ငါ့ကို ခွင့်တိုင်ပေးကြအုံးလေ

မင်းကို စိုင်းထက်နောင် ဦးလေးက အုပ်ထိန်းသူနေရာ ကနေ ဆေးခွင့်တင်ပေးထားတယ်

ဘယ်လို စိုင်းထက်နောင် ဦးလေးက ဟုတ်လား

ဟုတ်တယ် မင်းအခုလိုဖြစ်တာကို သူလည်းစိတ်မကောင်းဖြစ်နေတဲ့
ပုံပဲ ဆေးရုံစရိတ်တွေကိုလည်း သူပဲတာဝန်ယူပေးထားတယ်
စိုင်းထက်နောင်ရဲ့ ဦးလေးဖြစ်ရတာ သူ့အတွက်တော့ ကံဆိုးတာပဲ
စိုင်းထက်နောင် ထောင်ဘယ်နှစ် နှစ်ကျသွားလဲ မင်းမသိချင်ဘူးလား

ဟေ့အေ ငါမသိချင်ဘူး သူ့အကြောင်းတွေကို ငါ့ခေါင်းထဲကို အဝင်မခံချင်ဘူး ခေါင်းလေးတယ် သူ့အတ္တကြောင့် သူ့ဘာသာ
ထောင်ကျတာလေ ဘယ်နှစ် နှစ်ကျလဲဆိုတာ ငါမသိချင်တော့ဘူး

အေးပါကွာ မင်းမသိချင်ဘူးဆိုလည်း ငါမပြောတော့ပါဘူး
ဒဏ်ရာတွေကရော နာနေသေးလား မင်းမနက်စာ စားပြီးရင်တော့
ဆရာဝန်သွားခေါ်ပေးမယ်နော်

ဗိုက်က ဒဏ်ရာကတော့ အနာကျက်တော့မယ်ထင်တယ် သိပ်မနာတော့ဘူး လက်ကတော့ ညတုန်းကနည်းနည်းလေးကိုက်တယ်

ဟုတ်လား အခုရော ဘယ်လိုနေသေးလဲ

နေ့ခင်းဘက်ဆိုရင်တော့ သက်သာတယ် ညပိုင်းဆိုရင်တော့ အေးလို့
ထင်တယ် လက်တွေက ကိုက်ခဲနေတာပဲ

ညပိုင်းတွေစောစောအိပ်လေ အိပ်ပျော်နေတော့ လက်ကိုက်တာတွေ
သိပ်မခံစားရတော့ဘူးပေါ့

အင်း စောစောအိပ်မယ်

မေတို့ ပြန်ရောက်လာခဲ့သည်
အယ့်ကလေးကလည်းနော် အရမ်းစကားများပဲ ဒဏ်ရာတွေနဲ့လေ
စကားမပြောဘဲ ငြိမ်ငြိမ်လေးနေကြည့်ပါလား ကိုလင်းရောင်ခရဲ့

❣May❣ (Complete)Where stories live. Discover now