🌸နိဒါန်း🌸

17K 1K 115
                                    

Unicode

          //မုန်းရပါသောအရှင်..//

(သက္ကရာဇ်- 1324
ဂိုဂူလျောနိုင်ငံ Jeonမင်းဆက်အုပ်စိုးချိန်ကာလ..)

       ///////////////////////////////////////////

လှပသော နွေဦး၏ အကျည်းတန်ဖွယ်နေ့တစ်နေ့..
အတိအကျပြောရလျှင် ကောင်းပေ့ဆိုသည်များသာ စုဝေးရာ နန်းတော်ရာ၏ အိမ်မက်ဆိုးများဖြစ်တည်ခြင်းနေ့..။

ယခင်ကလှုပ်လှုပ်ရှားရှားနှင့် ဆူညံနေသည့် နန်းရင်ပြင်ကြီးသည် ယခုမှာတော့ လူအချို့၏ ပူဆွေးမှု မျက်ရည်များကြောင့်
တိတ်ဆိတ်လျက် နွေဦး၏ပူလောင်မှုကို တိုးပွားစေခဲ့သည်..။

အပြစ်သားများအား အပြစ်ဒဏ်ဒဏ်စီရင်သည့် ကွင်းပြင်ကျယ်ကြီးတွင် စုရုံးနေသော လူအချို့၏မျက်လုံးများတွင် မျက်ရည်စများက နွေဦး၏အခါမသင့်သော မိုးလိုပင်..
ပူပြင်းစွာနဲ့ စိုစွတ်နေသလိုမျိုး။

ထို့အတူ..
ကွင်းပြင်အလယ်တွင်ထိုင်နေသော ညစ်ပေနေသည့် အဖြူရောင်ဝတ်စုံ တစ်နည်းအားဖြင့် အပြစ်သားဝတ်စုံ ဖြင့်လူသားသည်လည်း နှိပ်စက်ခံထားရမှုကြောင့် မျက်နှာ တစ်ခုလုံးဖြူဖျော့နေခဲ့သည်..။
အဖြူရောင်နှင့် အခြားခပ်ဖျော့ဖျော့အရောင်များကိုအမြဲဝတ်ဆင်ခဲ့သော
ထိုလူသားဟာ..ယခုဝတ်ဆင်ထားသည့် အဖြူရောင်ညစ်ညစ် အပေအတေဝတ်စုံနှင့်တော့လုံးဝမလိုက်ဖက်။

ညှိုးနွမ်းနေသည့် အပြင်အဆင်နှင့်မလိုက်ဖက်စွာ တစ်စက်မှ
မာန်မာနကျမသွားသည့် မျက်လုံးအရိပ်အယောင်များကတော့ ကြည့်လိုက်သူတိုင်း ကျားတစ်ကောင်ကိုတွေ့လိုက်ရသည်နှယ့် စူးရှလှသည်..။

ပတ်ဝန်းကျင်ရှိလူများအားလုံးသည် ပူပန်ခြင်းစိတ်လှုပ်ရှားခြင်းဖြင့် ခံစားချက်မျိုးစုံဖြစ်ပေါ်‌နေကြသော်လည်း ထိုအဖြူရောင်လူသားကတော့ အေးဆေးတည်ငြိမ်လှသည့်အသွင်အပြင်ဖြင့်
လုံးဝရေပြင်ညီပင်..
ကန်ရေပြင်တောင်မှ ကျောက်ခဲလေးပစ်ချလိုက်လျှင်ဂယက်ထားဦးပေမည်။

ထိုသို့ သော အခြေအနေမျိုးတွင် တည်ငြိမ်နိုင်ခြင်းအကြောင်းကား သူရဲ့ချစ်ရသူအရှင်က သူ့ဘက်မှာ အမြဲရှိနေမယ်ဆိုတာယုံတာကြောင့်ပင်။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now