🌸25🌸

4.1K 511 30
                                    

Unicode

//ပန်းပွင့်ငယ်ရဲ့အကြံအစည်//

အချစ်ဟူသော စိတ္တဇနာမ်ကို အဓိပ္ပါယ်ဖွဲ့ကြရာဝယ်
တချို့သည် ရယူခြင်းဟု ဆိုသည်
တချို့သည် ပေးဆပ်အနစ်နာခံခြင်းဟုဆိုသည်
တချို့သည် တိတ်တဆိတ်စောင့်စားခြင်းဟုဆိုသည်သို့‌သော်..အကြင်သူတို့အတွက်သည်ကား အချစ်ဟူသည် ဒိုင်းသဖွယ်ကာကွယ်ပြီး ‌တစ်ယောက်ပေါ်တစ်ယောက် အထိအခိုက်မခံနိုင်အောင်
မြတ်နိုးခြင်းဟု အဓိပ္ပါယ်ဖွင့်လေသည်...

         ****************************

နွေရာသီသည်ပူပြင်းလှသည်..။
နွေရာသီတွင်တိုက်ခတ်သော လေပြေများသည်လည်း အပူရှိန်ကြောင့် ခပ်နွေးနွေးသာဖြစ်သည်..။
ထို့အတူ တစ်လှမ်းချင်း အေးဆေးတည်ငြိမ်စွာလျှောက်လှမ်းလာပါသော
မင်ငယ်အားကြည့်ကာ အရှင့်စိတ်သည်လည်း နွေလေပူများနှင့်အတူ ပူလောင် ယောက်ယက်ခတ်နေလေပြီ..။

မျက်နှာသေဖြင့်တည်ငြိမ်စွာဝင်လာသော မင်ငယ်ကြောင့် အရှင့်၏ အတွေးထဲတွင် မေးခွန်းပေါင်းများစွာ
တန်းစီ၍ဖြစ်ပေါ်လာရ၏..။

သူ့ရဲ့မင်ငယ်ကထွက်သွားရမှာလေ..
အကိုဟိုဆော့တို့နဲ့ အတူရှိရမှာလေ..
အခုဒီကိုရောက်နေတာ ဘာသဘောလဲ..!! မင်ယွန်းဂီကပဲ သစ္စာဖောက်သွားတာလား.!
အကိုဟိုဆော့တို့ကပဲ ဒုက္ခရောက်နေလို့လား..!!
ဘာလို့လဲ..!?ဘာလို့များလဲ..!!
ဆိုသည့်
ကဋေကဋာသော အတွေးများသည် အရှင့်ခေါင်းအတွင်း ဟိုမှသည်မှကူးလူးနေသည်..။

မယ်တော်ကြီးအနောက်တွင် ထိုင်နေသော ယွန်းဂီကိုလှမ်းကြည့်လိုက်တော့လည်း
မူမပျက်သည့် မျက်နှာထားကြောင့် အရှင်သည်စဉ်းစားရခက်နေရပြန်သည်..။
ခုနတင် တင်းမာလှသော မျက်နှာထားနှင့်အရှင်ဂျွန်သည် သူ့၏ မင်ငယ်ဝင်လာသည့်အချိန်တွင်
အရောင်မျိုးစုံက အရှင်မျက်နှာပေါ်ဖုံးဖိမရအောင်ဖြတ်သန်းသွားရသည်..။

မျက်နှာထားတင်းတင်းနှင့်လျှောက်ဝင်လာသော မင်ငယ်ကြောင့် တစ်ချိန်က နာကျင်စရာပုံရိပ်များသည်ခေါင်းထဲသို့အပြေးအလွှားဝင်ရောက်လာပြန်သည်..။
လွန်ခဲ့သည့် သုံးနှစ်ကျော်ကနောက်ဆုံးတွေ့ခဲ့ရသည့် ကြင်ယာတော်ပတ်ခ် ပုံစံဖြင့်
ကွဲလွဲခြင်းမရှိစွာ ဖြူဖတ်ဖြူလျော့ဖြစ်နေသည့်
မင်ငယ်၏ ပုံရိပ်သည် အရှင့်ရင်ကို ထွင်းကာ နာကျင်စေပြန်သည်..။
ဒီလိုအခြေအနေမျိုးကို ထပ်မမြင်ရက်တော့တာကြောင့် ကယ်ထုတ်ဖို့စီစဉ်ထားသော်လည်း
ယခုတော့ ဘေးကိုပင် ဆိုင်ဆိုင်မြိုက်မြိုက်ရောက်လာခဲ့ချေပြီ..။
သို့ပေမဲ့ ဒီလိုအခြေအနေမျိုးကို မတုန်လှုပ်သည့်မင်ငယ်သည် သူ့ထက်ပင် ပို၍ စိတ်ဓာတ်ပြတ်သားသူ..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now