Unicode
//ဆည်းလည်းငယ်//
//တောင်ကြားထဲသို့ဝင်လုစဲ နေလုံးကြီးသည် ထိုနေ့အတွက် နောက်ဆုံးသော
လောကအလှများအား ရှုစားရင်း သတ္တဝါအပေါင်းအား
အိပ်တန်းဝင်ရန် သတိပေးနေသည်..။ညှင်းသွဲ့သွဲ့လေညှင်းများသည်လည်း
ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်းများအား ယိမ်းနွဲ့ကာ ကကြိုးဆင်စေပြန်သည်..။
ပတ်ဝန်းကျင်ကား လိမ္မော်ရောင်နှင့် နီညိုရောင်ရောကာရေးဆွဲထားသည့်
လှလှပပပန်းချီကားတစ်ချပ်သဖွယ်..။ထို့ကြောင့်လည်း ဆည်းဆာများအနက်
ညနေဆည်းဆာသည်အလှဆုံးဟုဆိုကြခြင်းလည်းဖြစ်နိုင်သည်.။
ထိုသို့သော လှပသည့် ညနေခင်းသည်
မထင်မှတ်စွာပင် ရှင်းရဖြေရခက်မည့် ကြိုးထုံးတို့အား လှပစွာ ရစ်ထုံးပေးခဲ့ပြန်သည်~~//************************
"ပါးပါး.."
သွားကျိုးလေးများနှင့် ဂျီမင့်အားရီပြကာ ပါးပါးဟုသာ ခေါ်နေသော ချစ်စရာကလေးငယ်လေးသည်
မည်သည့်နေရာမှရောက်လာပါသနည်း..?"ဒီကိုဘယ်လိုဖြစ်ပြီးရောက်နေတာလဲ ကလေးလေး..
ကလေးလေးနာမည်ဘယ်လိုခေါ်လဲ..""ပါပါးးးခိ...ခိ.."
မေးသည်ကိုပြန်မဖြေပဲ ပါးပါးဟုသာခေါ်ကာ ဂျီမင့်ဝတ်ရုံ၏ အောက်နားအား လက်ဖြင့်ဆွဲကာ
တခိခိရီနေပြန်လေသည်..။"နာမည်ရှိလားကလေးလေး.."
ဝတ်ရုံအောက်စခြေစအားဆွဲနေသည့် ကလေးမလေးနှင့် အရပ်ညီနေရန် ဒူးကွေးကာ
ထိုင်ချလိုက်ပြီး လက်မလျော့တမ်းမေးခွန်း
ထပ်မေးကြည့်လိုက်သည်..။"ပါးပါးးး ချီ..ချီ.."
မေးနေသည်ကိုမဖြေဘဲ ဂျီမင့်မျက်နှာလေးအား လက်လေးနှင့် ထိကြည့်ပြီး ချီခိုင်းနေပါသော
ကလေးလေးသည်
ပါးပါးဟူသောစာလုံးနှင့်
အခြားအနည်းငယ်သာပြောတတ်ပုံပေါ်သည်..။အတင်းချီခိုင်းနေပါသော ပေါက်စကြောင့် ဂျီမင်ပွေ့ချီလိုက်ပြီး
သိချင်သည်များမေးနေသော်လည်း
ပါးပါးဟူသော စကားမှလွဲ၍ မကြားခဲ့ရ..။
သို့သော်ထူးဆန်းသည့်အခြေအနေတစ်ခုအား ဂျီမင်သတိမထားမိခဲ့ချေ..။
BINABASA MO ANG
❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)