🌸20🌸

4K 501 61
                                    

Unicode

//ချစ်တယ်ဆိုတာထက်ပိုချစ်တယ်မင်ငယ်//

ပန်းနှင့်လိပ်ပြာဆိုသောအရာ ကြားလိုက်ရုံနှင့်အစပ်အဟပ်တည့်မှန်းသိသာသည့် အရာနှစ်ခုပင်..။
အရောင်အသွေးစုံလင်သော
လိပ်ပြာလေးများသည် ရနံ့မွှေးကြိုင်လှသည့် ပန်းလှလှလေးများအား
ရှောင်ဖယ်နိုင်စွမ်းမရှိပါချေ..။
ထိုနည်းတူစွာ အချစ်ဟူသော လိပ်ပြာငယ်လေးသည် ရင်ခုန်ခြင်းတို့ဖြစ်တည်ရာ နှလုံးသား၏
တဇွတ်ထိုးလှုပ်ရှားခြင်းတို့တွင် ဖယ်ရှားနိုင်စွမ်းမရှိစွာဝတ်ရည်စုပ်ပြီး
ချစ်ခြင်းတရားကိုတစ်ဖန်ဖြစ်ပေါ်စေပြန်သည်..။

             **************************

ကျလိကျလိနှင့်အော်မြည်နေသော ငှက်ငယ်များသည် မနက်ခင်းအချိန်မဟုတ်သော်လည်း
အရိပ်ကောင်းသည့်သစ်ပင်ကြီးပေါ်တွင် နားခိုကာ
သာယာစွာမြည်ကြွေးနေကြသည်..။
ထိုသစ်ပင်ကြီးသည် ဟိုဆော့၏ အိမ်ခြံဝန်းအတွင်းတွင်တည်ရှိနေသည်။
ထိုသစ်ပင်ကြီး၏ အရိပ်အောက်တွင်ကား လူသားနှစ်ယောက်သည် ညိုးငယ်နေသော
မျက်နှာဖြင့် အတူယှဉ်တွဲထိုင်နေကြသည်..။

"ဘယ်အချိန်လောက်မှ ပြန်လာဖြစ်မလဲ ယောင်း?"

တိုးညင်စွာထွက်ပေါ်လာသော အသံတွင် စိတ်မကောင်းမှုများ ခိုဝင်နေသည်..။
မြေကြီးပေါ်သို့သာစိုက်ကြည့်ကာ အကြည့်လွှဲထားသောဟိုဆော့သည် အိမ်ရှေ့စံ၏ မျက်ဝန်းများကို မရင်ဆိုင်ရဲပေ။

"သတ်မှတ်ထားတဲ့အချိန်တစ်ခုပေါ့
ဟျောင်း..ကျွန်တော့်ကိုယုံတယ်မလား..?"

"အင်း မင်းကိုအယုံဆုံးပဲ.."

အိမ်ရှေ့စံရဲ့မျက်ဝန်းများကိုစိုက်ကြည့်ကာ ခေါင်းလေး ညိမ့်ပြလိုက်သည်..။
ဝဲလာတက်လာသည့် မျက်ရည်များကသိမ်းဆည်းနေသော်လည်း လိုက်မမှီပေ..။
ဘုရင့်ကိုယ်ရံတော်တစ်ယောက်ဖြစ်ပြီး ပျော့ညံ့လိုက်တာလို့ ပြောချင်ပြောကြပါစေ။
အဲ့လိုအခါမျိုးရောက်ရင် အိမ်ရှေ့စံရဲ့လက်ကို တင်းတင်းကိုင်ပြီး ပြန်ပြောပစ်လိုက်မယ်..။

ပျော့ညံအောင်လုပ်နိုင်တာလည်းအချစ်..
ရဲ့ရင့်အောင်လုပ်နိုင်တာလည်း အချစ်ဆိုတဲ့ စကားလုံးနှစ်လုံးပါပဲလို့..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now