🌸22🌸

3.5K 473 37
                                    

Unicode

//အားနည်းချက်ရဲ့အားသာချက်//

အုံမှိုင်းနေသည့်မိုးသားအချို့ရယ်..
ကြွေကျနေသည့်ရွက်ဝါအချို့ရယ်..
ညင်းသွဲ့သွဲ့တိုက်ခတ်နေသည့်လေပြည်အချို့ရယ်..
နီရဲနေသည့်သွေးစက်အချို့ရယ်..
နာကျင်နေသည့်နှလုံးသားတစ်စုံရယ်..
ပြီးတော့ မထင်မှတ်ထားတဲ့ကံကြမ္မာတစ်ခုရယ်နှင့်အတူ သူကျွန်တော့်အဝေးကိုထွက်သွားခဲ့ပြန်ပေါ့...။

              ************************

တဖွဲဖွဲနှင့်ရွာသွန်းနေခဲ့သော မိုးသည် တသဲသဲနှင့်ဖြစ်လာသဖြင့်
အိမ်အဝင်အဝလမ်းကိုပင်မမြင်ရတော့ချေ..။
မိုးကြီးလေကြီးများကျသလို လေများလည်း ခပ်ပြင်းပြင်းတိုက်ခတ်နေသည့်မလို့ အိမ်အနောက်ဖေးတွင် လှန်းထားသော အဝတ်များကိုပင် အပြေးအလွှားရုတ်လိုက်ရသေးသည်..။

အပေါ်ဝတ်ခပ်ထူထူလေးအား ထပ်ပြီး မိုးလုံသည့် လှေကားထစ်လေးပေါ်တွင် ထိုင်ကာ ပြန်လာသူကင်းမဲ့နေသေးသည့် လမ်းတစ်လျှောက်ကို လည်တဆန့်ဆန့်မျှော်နေရသေးသည်..။
မိုးစဲတုန်းက အပြေးအလွှားတည်ထားသည့်
ရေနွေးလေးကြောင့် အချမ်းသက်သာနေသည်ဟုဆိုရမည်..။

နှစ်ယောက်တည်းနေသည့်အိမ်လေးမို့လို့ ပစ္စည်းပစ္စယရယ်ဟူ၍ များများစားစားမရှိ..။
ချက်ပြုတ်စားသောက်ရန် ပစ္စည်းအချို့ရယ်..အဝတ်အစားထည့်သည့် ပုံးအချို့ရယ်..
တခြားပစ္စည်းကိရိယာအနည်းငယ်ရယ်သာ ရှိသောအိမ်လေးသည်
ပြည့်စုံနေသည်မဟုတ်သော်လည်း စိတ်ချမ်းသာရသည်..။

မနက်ခင်း သူက ဆေးဥသွားတူးပြီး နေ့လည်ဘက်လောက်ဆို ချစ်ရသူက ဈေးတွင်သွားရောင်းချသည်..။
တစ်နေ့စာစား‌သောက်နိုင်သည့်ပမာဏထက်ပိုလျှံသည့်ငွေပမာဏကြောင့်သူတို့မကြောင့်မကြနေနိုင်သည်..။
သို့သော်လည်း အရင်ကဆို မိုးမမှောင်ခင်ပြန်ရောက်တတ်သော သူ့ခင်ပွန်းသည် ယနေ့တွင်တော့ နောက်ကျနေပြီ ဖြစ်သော်လည်း
ယခုထိပြန်မရောက်သေး..။
မိုးတွေလည်းရွာသွန်းနေသည်ကြောင့် စိုးရိမ်စိတ်များက ဝင်မိပြန်သည်..။

နောက်ကျလိုက်တာ ဂျွန်ရယ်~~

သက်ပြင်းလေးလေးပင်ပင်ချနေတုန်းရှိသေးသည် ခပ်လှမ်လှမ်းမှ မြင်လိုက်ရသည့်
လူရိပ်လေးကြောင့် ဂျီမင် ဝမ်းသားအားရ မတ်တပ်ထရပ်လိုက်ပြီး လှေကားထောင့်တွင် ထောင်ထားသော ထီးအနက်လေးကို ဆွဲယူလိုက်သည်..။
နက်ပြာရောင်အကျီလေးနှင့် သူ့ခင်ပွန်းသည် ထီးမပါသွားလည်း တခြားသူဆီက ငှားမယ်ရယ်လို့မှ မရှိ..။
မိုးရေအစိုခံပြီးပြန်လာရတယ်လို့..!

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now