🌸8🌸

5.1K 749 208
                                    

Unicode

//ကစားပွဲစပြီအရှင် //

လှည်းထဲတွင် နေသည့်တိုင်
အေးလွန်းနေသည်မလို့ သိုးမွေးဖြင့်ပြုလုပ်ထားသည့်အပေါ်ထပ်လေးကို ၏ထပ်၍ ခြုံလိုက်သည်...။
နှင်းများပိတ်နေသည့်အတွက် ခရီးကလိုသလောက်မပေါက်ရောက်ခဲ့တာကြောင့် နှစ်ရက်သွားရမည့်ခရီးက သုံးရက်ကြာခဲ့ရသည်...။

သုံးရက်မြောက်နေ့တွင် ခရီးရောက်ခဲ့ပြီမလို့ ပင်ပန်းသည်ပင်လျော့သွားရသည်...။
နားယူရနိုင်တော့မည်ဖြစ်တာကြောင့် စိတ်အနည်းငယ်ရွှင်လာရသည်။

အဖြူရောင်မြူနှင်းများကြားတွင် ကူးသန်းသွားလာနေကြ‌သောလူများ၏အသံများ ဂျီမင့်အားစိတ်လှုပ်ရှားစေခဲ့သည်...။
ပြတင်းပေါက်သေးသေးလေးကို အနည်းငယ်ဟသည်ဆိုရုံလေး ဆွဲဖွင့်ကာ အပြင်ရှိမြင်ကွင်းကို လှမ်းကြည့်မိသည်..။
တချို့တလေကမပြောင်းလဲသွားသော်လည်း တချို့ကတော့ပြောင်းလဲကုန်သည်သာ...။
အပင်တွေလည်း အတော်ကိုကြီးလာပါ့လား...။

‌လေအေးများက မျက်နှာလေးဆီတိုးဝင်တိုတ်ခတ်လာတာကြောင့် ပြတင်းပေါက်လေးကို ပြန်ဆွဲကာပိတ်လိုက်သည်...။
၂နှစ်ကျော်၃နှစ်နီးပါးဝေးခဲ့ရသော
နန်းမြို့တော်ကြီးသည် အလွန်ပြောင်းလဲသွားခဲ့လေပြီ...။
ပို၍တိုးတက်စည်ကားလာသောမြို့ကြီးသည် နေချင်စရာတော့ကောင်းလှသည်မှာအမှန်ပင်...။

"ချင်မ်....နန်းတော်ဂိတ်ဝကိုရောက်တော့မှာမလို့ အသင့်ပြင်ထားတော့.."

ပြတင်းပေါက်တံခါးလေးအား လာခေါက်ပြီးပြောလာသည့်ထယ်...။
ဟိုးအရင်က ဘေးခွဲချထားနေကျဖြစ်သည့် ဆံပင်များကို နဖူးအပြောင်ကုန်လှန်တင်လိုက်သည်..။

မယ်မယ်ပေးလိုက်သည့်ဓားအား ရင်ဘတ်ထဲသို့ထည့်ကာသေချာသိမ်းထားလိုက်ပြီး
ဘေးတွင်ချထားသော ဓားအိမ်ရှည်ကြီးကို လက်တွင်ကိုင်ထားလိုက်သည်။

ရပ်သွားသော မြင်းလှည်းကြောင့်
သက်ပြင်းတစ်ချက်ရှိုက်ရင်း စိတ်ငြိမ်စေရန် ကိုယ့်ကိုကိုယ်ဖိအားပေးလိုက်ရသည်..။
လှည်းတံခါးအားဖွင့်ကာ မြေပြင်ပေါ်သို့ခြေချမိတော့ စိတ်လှုပ်ရှားမှုများကထိန်းမရ..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)حيث تعيش القصص. اكتشف الآن