🌸15🌸

5K 669 176
                                    

Unicode

//ဖုံးကွယ်ထားလေသူ//

လူတွေကပြောကြတယ် တစ်ခါတစ်ရံ ကံတရားရဲ့စီမံမှုကြောင့်
ရှောင်လွှဲမရနိုင်တဲ့ တိုက်ဆိုင်မှုတွေ ရှိတယ်တဲ့..။
ဒါဆိုတစ်ခုလောက်မေးပါရစေ..!
အကယ်၍ မတော်တဆမဟုတ်ပဲ လူတစ်ယောက်လုပ်လို့
တိုက်ဆိုင်တာကျတော့ရော ဘာလို့
ရှောင်လွှဲမရဖြစ်နေရပါသနည်း..??

သိပ်လွန်တာ..!!
လွန်လွန်းတာမှ မဟားတရားပဲ..!
ချစ်သည်တဲ့...ပြောတဲ့အတိုင်းလုပ်ပေးမည်တဲ့..
ကလေးကိုတစ်ယောက်တည်းသွားခွင့်ပြုတယ် ကိုယ်မလိုက်ပါဘူးတဲ့..!

အဟားး! သိပ်ရီရတာပဲ..လူကိုပျော်ပျော်ကြီးအရူးလုပ်ပြီးမှ
သင်းကဘာမှမဖြစ်တဲ့အတိုင်း အပြုံးအနုနုလေးတွေနဲ့ စီးကြိုနေတယ်တဲ့လား
မုန်းစရာကောင်းလိုက်တာ..!!

မကျေနပ်ချက်‌တွေစိတ်ထဲဝယ်ရွတ်ရင်းကြည့်နေသည့်
သူ့ကိုမြင်သွားသည့်အရှင်က ချက်ချင်းပင်မျက်နှာရွှင်ပြသွားသည်...။

"မင်ကရောက်တောင်လာပြီပဲ..ညနေလောက်မှရောက်မယ်ထင်ထားတာ "

သူရှိရာသို့ တစ်လှမ်းချင်းလျှောက်လာပြီး ဘာမှမဖြစ်သလို ပြုံးပြုံးကြီးပြောနေသည့် အရှင်အား..
မကျေနပ်စွာ မျက်စောင်းထိုးကြည့်ပစ်လိုက်သည်..။

"စိတ်ဆိုးနေတာလားမင်..?ကိုယ်ကစိတ်မချလို့ပါ.."

လက်ဖဝါးလေးအား ဆုတ်ကိုင်ပြီး အားလျော့စွာမျက်လုံးလေးများနှင့် တောင်းပန်ရိုကျိုးနေသော
အရှင့် လက်ထဲမှ သူ့လက်သေးသေးလေးအား
သိသိသာသာလေးရုန်းထွက်လိုက်သည်. .

"ကျွန်တော့်မှာ ပြောပိုင်ခွင့်ရှိလို့လားအရှင်.."

ခပ်ပြုံးပြုံးလေးပြန်တုန့်ပြန်လာသည့် ဂျီမင်က ဟိုတစ်နေ့ညကကိစ္စကိုအခုထိအခဲမကြေသေးပုံ...

"ဒါဆိုအနားယူလိုက်ပါဦးအရှင်..ကျွန်တော့်ဦးလေးဆိုသူနဲ့ သွားတွေ့လိုက်ပါဦးမယ်.."

အဖြေစကားတောင်မစောင့်ပဲ ဦးညွှတ်ကာ ခေါင်းဆောင်အိမ်ထဲသို့ဝင်သွားသော မင့်၏ကျောပြင်ငယ်လေးသက်ပြင်းချလျက်သာ ကြည့်နေခဲ့သည်...။
မျိုးနွယ်စုထဲမှ အချို့လူများကလည်း သူတို့နှစ်ယောက်ကိုကြည့်ပြီး ခပ်တိုးတိုးပြောနေကြသေးသည်..။
ခက်လိုက်တာ မင်ရယ်~~

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now