Unicode
//နိဒါန်းတည်ရာ//
မိုးတိမ်တွေလွှမ်းလာရင် ကြယ်တွေပျောက်သွားတာသဘာဝပါပဲဆိုနေတာကို
သူကလက်မခံဘူးတဲ့လေ..။
တိမ်ဆိုတာအချိန်တိုင်းဖုံးအုပ်နိုင်မှာမဟုတ်သလို ကြယ်လေးတွေဆိုတာလည်း အမြဲတမ်းကွယ်ပျောက်နေမှာ
မဟုတ်ဘူးဆိုတာကို ဆူအောင့်အောင့်ပြောပစ်ချင်ပါရဲ့..။**********************
အဆိုးအဆာလေးက တစ်ဇွတ်ထိုးလုပ်သဖြင့် ဖြစ်ပျက်သွားသော ပြဿနာများသည် သေးသေးမွှားမွှားမဟုတ်ခဲ့..။
အရှင်ဂျွန့်၏အသက်ငယ်စိတ်တိုင်းကျ လူစုခွဲလိုက်ပါသော်လည်း အချိန်တစ်ခုထိ ပြန်မရောက်လာကြသော
အရှင်နှစ်ပါးကြောင့် ဟိုဆော့တို့ခေါင်းမီးတောက်ရတော့သည်။ပထမကတော့ တောအတွင်းထဲရောက်သွားလို့နောက်ကျနေတာဟု
တွေးခဲ့သော်လည်း ထူးဆန်းစွာသည်းသည်းမဲမဲရွာသွန်းလာသည့်
မိုးနှင့်အတူ အချိန်တွေလည်းကြာနေပြီမို့
အုပ်စုခွဲကာရှာရတော့သည်..။
သို့သော် မကြာမီပင်စီးနင်းသူမပါပဲ ပြန်ရောက်လာသော မြင်းနှစ်ကောင်ကြောင့်
အရှင်နှစ်ပါး တစ်ခုခုဖြစ်နေမှန်း အတိအကျသိရတော့သည်..။
ထို့ကြောင့် အမဲလိုက်ပွဲအားလည်း ဖျက်သိမ်းလိုက်ရပြီ သည်းကြီးမဲကြီးရွာသွန်းနေသောကြောင့် နွေဦးပွဲတော်သည်လည်း
အလိုအလျောက်ပျက်သွားတော့သည်..။ကျန်လူများ ဆိုင်ရာဆိုင်ရာ အိမ်တော်အဆောင်တော်အသီးသီးကိုပြန်စေပြီး
ကိုယ်ရံတော်အုပ်စုနှင့် စစ်သူကြီးတို့အား ဟိုဆော့ဦးစီးကာ
အရှင်နှစ်ပါးအားတောနင်းရှာဖွေတော့သည်..။စီးသူမပါသည်မြင်းကြီးနှစ်ကောင်သည်
နေရာကျိန်းသေမှတ်မိမည်ဖြစ်သောကြောင့် သူတို့ကိုပါ ခေါ်ကာရှာသော်လည်း
ချောက်ကမ်ပါးတစ်ခုကို ခေါ်သွားသောကြောင့် ဟိုဆော့တို့ပိုပြာယာခတ်ရလေပြီ..။
ယုံကြည်ရသူနည်းပါးလွန်းသည်မလို့ အနည်းငယ်သော လူတစ်စုနှင့်သာ ပုစစ်တိုက်ရှာဖွေရသည်..။ယွန်းဂီဆိုသူကိုလည်း အကူအညီတောင်း၍မဖြစ်ပေ..။ မတော်လို့ တစ်စုံတစ်ရာများဖြစ်သွားခဲ့ရင် ကြံစည်ထားခဲ့သမျှ သဲထဲရေသွန်ဖြစ်ရပေလိမ့်မည်..။
အခုအချိန် ယောင်းသာရှိရင် သိပ်ကောင်းမည်..။
ကိုယ်တစ်ယောက်တည်းထက်
သူနဲ့သာအတူရှိမယ်ဆို ပိုအဆင်ပြေမည်မှာမလွဲပင်..။
YOU ARE READING
❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)