🌸13🌸

5K 666 147
                                    

Unicode

//မင်းရဲ့ခင်ပွန်းက ကိုယ်ဆိုတာသိထားပေး//

"ဒါဆိုရင်..ဦးလေးဗြောင်ဟွန်းနဲ့ မယ်တော်ကြီးတို့က တစ်ခုခုကြံစည်နေတာပေါ့..?"

ညဦးယံ၏ ပိုးမွှားသံလေးများနှင့်အတူ နှစ်ကိုယ်ကြားရုံစကားသံလေးထွက်လာသော နေရာသည် ထုံးစံအတိုင်း နှင်းနီပွင့်ဧကရီလေး၏
အကြိုက်နှစ်သက်ဆုံးဖြစ်သည့် ဥယျာဉ်တော်ဆီမှသာ။

"အင်း..မန်ချူးမှာရှိတဲ့ ငါ့လူယုံတော်တွေစကားအရပဲ...
လူအင်အားအချို့စုဆောင်းနေပြီး လေ့ကျင့်ရေးတွေလုပ်နေတယ်လည်းကြားတယ်.."

သက်ပြင်းလေးပင်စွာချရင်း ယွန်းဂီကဆိုသည်..။အခုတလောကြားရသည့်သတင်းများသည် အကောင်းဘက်သွားသည်ကရှားလွန်းသည်...။

"အဖွားကြီးက အသက်ကြီးနေပြီ အာဏာမက်တုန်း..
မကြာခင်ပဲ အနိစ္စရတော့မယ့် အသက်အရွယ်ကို.."

ထိုင်နေရာမှ ထသွားပြီး ညအမှောင်ထဲတွင် ချုံလိုက်ဖူးပွင့်နေသော
အဖြူရောင် Jopabnamuပန်းများအား ခြွေရင်း
ဂျီမင်က ခပ်လှောင်လှောင်ပြောလာသည်..။

"သူတို့ကအရှင့်ဆီက ထီးနန်းလုချင်နေတာလား..?"

"အင်း အခြေအနေအရတော့ အဖြေကအဲ့လိုပဲ..
အရင်လိုစိတ်ကြိုက်ထိန်းချုပ်မရတော့ ဂျိုကြွပြီလေ..."

ကျေကျေနပ်နပ်ကြီး ဂျီမင်ရီမောလိုက်မိသည်...။
သူ့ကိုမယုံကြည်ခဲ့တဲ့အရှင်က အနည်းဆုံးတော့ အရင်ကထက်အများကြီးပိုအသုံးကျလာတာပဲ..။
မယ်တော်ကြီးဆီမှာ ပစားပေးခံချင်တဲ့ အူတူတူလေးမဟုတ်တော့ဘူး။

"နေပါဦး သူတို့ကထီးနန်းလုမယ်ပဲဆိုပါဦး..ဘုရင်နေရာအတွက်က ဘယ်သူ့ကိုလျာထားလောက်မလဲ.."

စကားအဆုံးတွင် စိတ်ညစ်စွာ ပျက်ယွင်းသွားသည့်
ယွန်းဂီ၏ မျက်နှာအား ကျောပေးလျက် အခြားတစ်ဖက်သို့ လှည့်နေသော ဂျီမင်ကား မမြင်လိုက်ချေ...။

"ဦလေးဗြောင်ဟွန်းရဲ့ သားကိုတဲ့..!"

"ဘယ်လို.!??..ဘယ်ကသားလဲ..? "

စဉ်းစားရခက်နေသည့် မျက်နှာလေးနှင့် မျက်မှောင်ကျုံ့ကာ ယွန်းဂီကိုကြည့်လျက်မေးခွန်းထုတ်လာသည်..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Tahanan ng mga kuwento. Tumuklas ngayon