🌸3🌸

5.6K 766 112
                                    

Unicode

      //အဖြူရောင်လေးနှင့်တွေ့ဆုံသူ //

ဒိုအီယောင်းမှ ‌ပြေးထွက်လာသည်မှာ
ဘယ်လောက်ဝေးဝေးရောက်နေပြီမှန်းမသိ...
ခြေဖဝါးနုနုလေးများလည်းနာနေလေပြီ...ပိုဆိုးသည်က တောင်ပေါ်ကခုန်ချချိန် ဒဏ်ထိထားသည့်အတွက် အနည်းငယ်ပြေးရုံနှင့် ခြေထောက်တစ်ခုလုံးဝ ‌ကျိုးကြေမတတ်နာလာရသည်..။

သို့သော်လည်း ယခုအချိန်တွင် ထိုကိစ္စကို သူမမှု...။
သူ့ရဲ့တစ်ယောက်တည်းသော တစ်ချိန်ကအရှင်ကိုတွေ့ဆုံလိုက်ရမှုကြောင့် လှိုက်ဖိုနေသော ရင်ဘတ် နာကျင်လာသောနှလုံးသားနှင့် ကြောက်ရွံ့မှုစိတ်အစုံက
ထိုလူတွေသူ့ကိုမရှာတွေ့စေရန် အတွက်‌ပြေးဖို့သာ အဓိကဦးစားပေးဖြစ်နေခဲ့သည်..။

အနည်းငယ်လှမ်းလောက်ပြီ ထင်မှ ချောင်းငယ်လေးကို ဖြတ်လျက်ထိုးထားသော တံတားလေးအောက် ဝင်ထိုင်ပြီး ပုန်းနေလိုက်သည်...။

ဝတ်ထားသော အပြာရောင်ဝတ်ရုံစကို တင်းတင်းဆုတ်ပြီး ကျလာသော မျက်ရည်များကို မသုတ်ပဲပစ်ထားမိသည်..။
ထိုနေ့က နောက်ဆုံးအနေနှင့် သူ့အားလှည့်ကြည့်ခဲ့သည့်အရှင့်ရဲ့ ‌ကြောက်စရာ စိမ်းသက်မှုမျက်လုံးတွေကို ပြန်မြင်မိတိုင်း..ရင်ထဲထိနင့်စွာ နာကျင်ရသည်..။

ဘာလို့ပြန်ပေါ်လာခဲ့တာလဲအရှင်?!!..
ဘာလို့ ကျွန်တော့်ရဲ့မျက်ဝန်းလေးမြင်ရုံနဲ့မှတ်မိနေခဲ့ရတာလဲ?!!..
ဘာကြောင့် အရှင့်ရဲ့ မျက်ဝန်းတွေက နောင်တတွေနဲ့ လွမ်းမောစရာကောင်းနေရတာလဲ ?!!..

ညနေကထိ တည်ငြိမ်နေခဲ့တာလေ..!!
တစ်ချက်တစ်ချက် နာကျင်ပေမဲ့ အရှင့်ကိုအတတ်နိုင်ဆုံးမေ့ပျောက်နိုင်ခဲ့တာလေ!!..
သူ့ရဲ့အေးချမ်းနေပြီး ဖြစ်တဲ့ဘဝလေးကို လှောင်အိမ်ထဲပြန်မပို့ပါနဲ့တော့လား..!!

ခွင့်လွှတ်ပါအရှင်..!!
အရှင်ဆီကို လုံးဝပြန်လာနိုင်ဘူး...
ရှာပါ ကြိုက်သလောက်ရှာ!!..
ကျွန်တော်လည်းပုန်းနေမှာမလို့...

ရှာတွေ့ခဲ့ရင်တောင် ကျကွဲသွားတဲ့ကျွန်တော့်နှလုံးသားလေးက အကောင်းအတိုင်းဖြစ်‌အောင်
ပြန်ဖာထေးလို့ မရတော့ဘူးဆိုတာတော့ သိပါစေအရှင်..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Donde viven las historias. Descúbrelo ahora