🌸4🌸

5.1K 776 105
                                    

Unicode

      //မျက်ရည်တွေလား သွေးတွေလား??//

 
" ((ပျော်ရွှင်မှု..?
ပျော်ရွှင်မှုဆိုတာ ဘာနဲ့စလဲတဲ့..
ကျွန်တော့်အတွက်ပျော်ရွှင်မှုဆိုတာ နှုတ်ခမ်းအောက်က မှဲ့နက်လေးနဲ့အစပြုတယ်..။
ဒါဆို မျက်ရည်တွေကရော..?
မျက်ရည်ကတော့ အရှင်ဆိုတဲ့ ချစ်ရသူရဲ့ နှုတ်ခမ်းပါးလေးက စကား‌လုံးတွေကြောင့်ဖြစ်တည်လာသည်လေ..။

အရှင့်ရဲ့ နှုတ်ခမ်းပါးကြောင့်ဖြစ်ခဲ့တဲ့မျက်ရည်တွေက မှဲ့‌နက်လေးရဲ့ အဖော် ပျော်ရွှင်မှုတွေကို ရပ်တန့်စေခဲ့တယ်..

ဒါပေမဲ့လေ..အဲ့မျက်ရည်တွေကြောင့် နောက်ထပ်အေးချမ်းရာလေးကို ကျွန်တော်ရှာတွေ့ခဲ့တယ်..
အမြဲပြုံးနေတတ်တဲ့ တောရွာလေးက မောင်နှမကိုပေါ့..)) "

"ရားး အကိုဂျင်ပြန်ပေးနော်.."

"ခွီးး နေစမ်းပါဦး ငါနောက်တစ်ခေါက်ထပ်ဖတ်ပါရစေ.."

"ပေးဗျာ..!! သူများရေးထားတာကို အော်ကြီးဟစ်ကြီးနဲ့.!!"

စာရွက်တစ်ကိုင်အားကိုင်ကာ ပတ်ပြေးနေသောဆော့ဂျင်နောက်သို့ ဂျီမင်က ‌ဆူပုတ်ကာ စာရွက်လိုက်လုနေသည်..။
အကြောင်းမှာတော့
ဂျီမင်စိတ်ကူးပေါက်ပြီး လျှောက်ရေးထားသည့်စာရွက်ကိုတွေ့သွားသောဆော့ဂျင်က ရေး‌ထားသောစာများကို
အသံပြဲကြီးနှင့် အကျယ်ကြီး အော်ဖတ်ကာ စနောက်နေသောကြောင့်ပင်..။

"အဟီးးဒါဆိုငါတို့ကအေးချမ်းရာလေးပေါ့နော်.."

"ပေးပါဗျာ..အကျင့်မယုတ်နဲ့.."

စာရွက်အား ထပ်ခါထပ်ခါဖတ်ရင်း သွားကြီးဖြီးနေသော အကိုဂျင်သည် ထိုစာကို အဲ့သလိုတောင်သဘောကျနေခြင်းပင်..။

" အဟမ်း..အဟမ်း..
ပျော်ရွှင်မှု ?
ပျော်ရွှင်မှုဆိုတာဘာနဲ့စလဲတဲ့.. ကျွန်တော့်အတွက်.."

"အကိုဂျင်!!!!..တော်တော့လို့!!..
မမဆူဂျောင်း..မမမောင်ကို မမထိန်းဦးဗျာ.!!"

ဘေးဘက်တွင် အဝတ်များလျှော်နေ‌သည့် မမဆူဂျောင်းအားစစ်ကူခေါ်တော့ ပြုံးလျက် အဝတ်များကို ရေညှစ်ရင်းလှည့်ကြည့်လာသည်..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now