Unicode
//နှောင်ကြိုးငယ်//
အခုတလော ဧကရီငယ်လေး၏ နေ့ရက်များသည့် ဧကရာဇ်ဂျွန်နှင့်စတင်ကာ ဧကရာဇ် ဂျွန်နှင့်သာ
ဆုံးနေရသည်..။ဧကရာဇ်နှင့် ဧကရီ အတူရှိခြင်းသည်ထူးခြားလှသည်တော့မဟုတ်ပေမဲ့
ထူးခြားနေသည်က
အဆိပ်မြှားမိပြီးမှ
သူ့(ဂျီမင့်)ကို ပိုပိုကပ်လာသည့် ဧကရာဇ်ပင်..။
ဂျီမင်ကိုယ်တိုင်ကိုက ကပ်ခွင့်ပေးနေ၍လားတော့မသိ..။ကျိန်းသေသည်ကတော့ ဒီတစ်ခါထိခိုက်မှုက ဂျီမင့်ပယောဂလည်းမကင်းဘူးဆိုသည့် အတွေးကြောင့်
အရင်ကလိုတော့ပစ်ပစ်ကာကာမလုပ်ရက်
တော့တာတော့ အမှန်ပင်..။သို့သော်စားရသည့်ခလေးပိုငတ်သည်ဆိုသည့် စကားပုံပဲသုံးရမလား အလိုလိုက်လို့ ရောင့်တတ်တယ်ဟုပဲ
ပြောရမလား..
တစ်နေ့တစ်ခြားလွန်လွန်လာလေပြီ..။အခုလည်းကြည့်..
မနက်ကတည်းကအေးအေးဆေးဆေးမနေခဲ့ရ။
နေ့လယ်ခင်းအိပ်သွားပြန်လို့လည်းအေးဆေးနေရမလားမှတ်တယ်
နိုးနိုးချင်းခေါ်ပြီး ရစ်နေပြန်သတဲ့..။ဘာတဲ့ ရေမချိုးရသေးလို့ ရေချိုးပေးပါတဲ့..။
သူ့ကိုယ့်သူ ၄နှစ် ၅နှစ်သားများထင်နေသလား..။အရှင်တကယ်အရှက်ကိုမရှိတော့တာ..။ဂျီမင်တကယ့်စွံ့အသွားရ၏..။
အင်္ကျီအစွန်းစလေးအား ဆွဲပြီး ကလေးဆန်ဆန်တောင်းဆိုနေသည့်
မျက်လုံးကြည်ကြည့်လေးတွေကို
ဒေါသပဲထွက်ရတော့မလိုလို..
လိုက်ပဲလိုက်လျောပေးရတော့မလိုလို..တကယ်ယောင်ဝါးဝါးတွေဖြစ်နေရသည်..။"မင်...ကိုယ်ပြောတာကို ကြားသလား.."
"အမ်..ဟမ်..?"
"ကိုယ် ရေမချိုးရသေးဘူးလို့.."
"အဲ့..အဲ့တော့..အဟမ်း..နေပါဦး..အရှင့်လက်ကတစ်ဖက်ပဲထိသွားတာပါ..
နောက်လက်တစ်ဖက်လည်းအကောင်း ခြေထောက်တွေလည်းအကောင်း..
ကိုယ့်ဘာသာကိုယ်သာ ချိုးတော်မူပါအရှင်.."
ESTÁS LEYENDO
❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)