Unicode
သို့သော်လည်း နာကျည်းမိသည်
ဖရိုဖရဲနိုင်သော နဂါးဝတ်ရုံတော်နှင့်အရှင်သည် လက်တစ်ဖက်တွင် ပန်းပွင့်နီငယ်လေးအား သေချာဆုတ်ကိုင်၍ မယ်တော်ကြီး၏အဆောင်မှ
ကမူးရူးတိုးထွက်လာခဲ့သည်..။နေ့လည်ထဲက ယခုညနေခင်းအထိထိုင်သောက်နေသည်မို့ ရေချိန်လည်းအတော်ကိုက်နေပြီဆိုရမည်ပင်...။
ဘယ်လောက်ပင် ခြေလှမ်းယိုင်နေပါစေပန်းပွင့်နီလေး၏ လက်ကိုတော့ တင်းကြပ်စွာ ဆုတ်ကိုင်ထားသေးသည်....။"ကျွန်တော်မျိုးလက်နာနေပြီအရှင်..!"
လက်ဖဝါးအကြီးကြီးထဲတွင်ဆုတ်ကိုင်ခံထားရသည့် လက်သေးသေးလေးပိုင်ရှင်၏ ခပ်အေးအေး ခက်ပြက်ပြက်စကားသံလေး..။
သူလေးကတော့ အေးဆေးပြောလိုက်သော်လည်း စိတ်အပူလွန်တဲ့အရှင်ကတော့ ကမန်းကတမ်း လက်လေးကို လွှတ်ပြီးမှ အသာလေး ပြန်ကိုင်ယူကြည့်သည်..။"တောင်းပန်ပါတယ်ခလေးငယ်...ကိုယ်စိတ်လောသွားတယ်..."
"ရပါတယ်အရှင်...လာခေါ်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်.."
ကျေးဇူးအများကြီးတင်ပါတယ်ဆိုသည့် ဘာမှမဟုတ်တဲ့စကားလေးကြားရုံနှင့် အမူးသမားကြီးသည် ဟီးခနဲရီပြကာ သဘောတကျ ဖြစ်နေပြန်သည်။
လိပ်ပြာတွေက ပန်းတွေကိုသဘောကျတယ်တဲ့...
ဒါပေမဲ့ထူဆန်းတယ်...
လိပ်ပြာမဟုတ်တဲ့အရှင် က ဘာကြောင့် ဒီပန်းပွင့်လေးကို နစ်နစ်နဲနဲလှိုက်လှိုက်လှဲလှဲ ကို သဘောကျနေမှန်းမသိ..။
အပြုအမူလေးတစ်ခုကအစ မြတ်နိုးနေတာမျိုး...
ပွင့်ဖတ်လေးတစ်ခုကအစ ချစ်နေရတာမျိုး အရောင်လေးတစ်ခုကအစ အသည်းလှိုက်အောင် တန်ဖိုးထားနေမိတာမျိုး...။သိပ်ချစ်တတ်လွန်းခဲ့တဲ့ ပန်းပွင့်ငယ်လေးကို လူအများက ချီးမွန်းဩဘာပြုကြသည်လေ...
ဒါပေမဲ့ အရှင့်အချစ်ဆိုတာကြတော့ရော..?
ဒါပေါ့ ပန်းပွင့်လေးနည်းတူချစ်ပေးတဲ့ အရှင့်ရဲ့အချစ်က မကြည့်တတ်ကြလို့ပါ..ကြည့်တတ်မယ်ဆို တနင့်တပိုးကြီး...။"ညနေတောင်အတော်စောင်းနေပြီအရှင်...ကျွန်တော့်ကိုသွားခွင့်ပြုပါဦး..."
YOU ARE READING
❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)