🌸16🌸

5.4K 619 123
                                    

Unicode

//အတိတ်နေ့ရက်များဆီသို့//

အချိန်ကား မနက်အာရုံတက်ပင်ရောက်လုနီးလေပြီ..။
အချို့အချို့သော ကျေးငှက်လေးများ၏ သီကျူးသံကိုပင်အနည်းငယ်ကြားနေရသည်..။
ညဦပိုင်းအချိန်က ပြဿနာဖြင့်ရှုပ်ထွေးကာ အရှင်ဂျောင်ကုကို ရှာရန် အလောတန်နေကြသူများသည်လည်း ယခုအချိန်တွင် ငြိမ်ငြိမ်သက်သက်ပင်..။ကိုယ့်နေရာတွင် ကိုယ်အနားယူနေကြလေပြီ..။

"ချင်မ်..မင်းလည်းနားသင့်နေပြီနော်.."

ကုတင်ပေါ်တွင်လှဲနေသည့် အရှင့်ဂျောင်ကု၏လက်ကိုကိုင်ကာ
တိတ်ဆိတ်ငြိမ်သက်နေသောဂျီမင့်အား ထယ်ယောင်းက အသိပေးစကားလှမ်းပြောလိုက်သည်....။
သို့သော်လည်း ပြောရဆိုရခက်သည့် ဂျီမင်သည်ကား စကားလည်းပြန်မပြောသလို တုတ်တုတ်ပင်မလှုပ်ချေ.. ။

"ချင်မ်..!! မင်းလည်းနေကောင်းတာမဟုတ်ဘူး .!! သွားနားစမ်းပါ..!! "

"ဟင့်အင်း ထယ်...ငါ.. ငါအရှင့်ကိုတောင်းပန်ဖို့စောင့်ရမယ်~ ငါကြောင့်အခုလိုဖြစ်ရတာ..သွား..မင်းလည်းသွားအိပ်တော့.."

အနားယူဖို့လာပြောသည့်လူကို ပြန်သွားအိပ်ခိုင်းနေသော ထိုလူသားငယ်သည်..တဇွတ်ထိုးဆန်သူ..။
အရာရာကို စဥ်းစားဆင်ခြင်တတ်သည့် ဂျီမင်သည်
အရှင်‌နှင့်ပတ်သတ်လျှင်တော့တစ်‌ဇောက်ကန်း..!
လုပ်ချင်ရာကိုလုပ်ပစ်သည်..။

"မင်းလည်းအဆိပ်ဖြေထားရတာ ချင်မ်..ခနဖြစ်ဖြစ်နားစမ်းပါ.....
ငါနှယ့်နော်..!! ရန်ဖြစ်တော့လည်းသူ..မုန်းပါတယ်ဆိုတော့လည်းသူ..စိတ်ပူတော့လည်းသူ....မပြောချင်ဘူး..မပြောချင်ဘူး..!!."

"မင်းတိတ်တိတ်နေမလား..ငါကန်ထုတ်ရမလား ကင်ထယ်ယောင်း..!!!"

မျက်စောင်းထိုးကြည့်ကာ ခပ်ကြိတ်ကြိတ်ပြောတော့မှ ပါးစပ်ပိတ်သွားလေတော့‌သည်..။
ဒါတောင် သင်းက တစ်ကိုယ်ကြား ပွစိပွစိလုပ်နေသေးတာ.!
ထိုပွစိပွစိလုပ်နေသည့် ကျားလိုလိုငါးလိုလိုအား လျစ်လျူရှု့ကာ
မေ့မြောနေသေးသည့် အရှင့် လက်ဖမိုးငယ်အား မဝံ့မရဲပြန်ဆုတ်ကိုင်ထားလိုက်သည်..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Onde histórias criam vida. Descubra agora