(united )
ဒေါက်..ဒေါက် !!!
အော်လောင်နေသော တံခါးခေါက်သံကြောင့် အိပ်မောကျနေသော ရှောင်ကျန့် လန့်နိုး၍ ခုတင်ပေါ် ဇတ်ခနဲ ထထိုင်မိသည် ။ကျစ်!!သူများ အိပ်နေချိန်ကို ဘယ်ကောင်က လက်ကမြင်းပြီး လက်သရမ်းနေတာလဲ ။ခေါင်းပေါ် က ငှက်သိုက်ဖွဲ့လို့ရအောင် ဖွထနေသော ဆံပင်များကို စိတ်ရူပ်ရူပ်ဖြင့်ဆုပ်ချေ ၍ ခုတင်ပေါ်က ဆင်းကာ တံခါးဖွင့်ပေးလိုက်သည် ။
ပြသနာဖြင့်ပြီးထဲက စိတ်ပျက်ပျက်ဖြင့် ထိုးအိပ်လိုက်တဲ့ ရှောင်ကျန့် က အခု လက်သရမ်းပြီးတံခေါက် သူကြောင့် နိုးသွားရသည် ။တံခါးဆွဲဖွင့်လိုက်တော့ တွေ့လိုက်ရတဲ့ မျက်ခွက်ကြောင့် မေ့ပျောက်လုခံနီးနီး ဒေါသများ ပြန်ထွက်လာ၍တံခါးကို ဆောင့်ပိတ်ပြစ်တော့သည် ၊ဒါပင်မဲ့ တံခါးကစေ့မသွားဘဲ သတောင်းစားကောင် ရဲ့ ခြေထောက်ဖြင့် ထိုးခံထားတာ ကို တွေ့လိုက်ရသည် ။
အတင်းတွန်းတိုက် ၍ ဝင်လာသော ဝမ်ရိပေါ် ကြောင့် ရှောင်ကျန့် ရဲ့ ဒေါသ ကဂိတ်ဆုံးရောက်နေပြီးဖြစ်သည် ။ ဝမ်ရိပေါ် အရှေ့တိုးလာလေး ရှောင်ကျန့် အနောက်သို့ တလှမ်းချင်းဆီ ဆုတ်ကာ အံသွားဖုံးများကျွတ်ထွက်မတက် ကြိတ်ထားတော့သည် ။
"မင်း ဘာကိစ္စ ငါ အခန်းထဲ ဝင်လာတာလဲ ။ "
"don't understand "
ညာဘက်နားပေါ်သို့ လက်အုပ်ကာ ခါးအနည်းငယ်ကိုင်းချလျက် တကယ်ကို မသိနားမလည်းပုံဖြစ် မေးလာသော ဝမ်ရိပေါ် ကြောင့် ရှောင်ကျန့် လက်သီးကလေလိုအလျင် ဝှေ့လာတော့သည် ။ တိမ်ရှောင်လိုက်သော ဝမ်ရိပေါ်က တခါဘဲ ဟုလဲ မျက်နှာကို ထေ့ငေ့ထားပါသေးတယ် ။
"ရှောင်ကျန့် ...ရှောင်ကျန့် ခဗျာ က လည်မလိုလို့ နဲ့ အတော်ကို အတာဘဲ ကျုပ်ပြောခဲ့တာကို မေ့သွားပြီးလား ..မမေ့ဘူးဆို ဘယ်လို့လဲ ကစားကွက်လေးက မိုက်တယ်မလား ၊ ဦးရှောင်ချီ ရဲ့ အတွေးထဲမှာ ကျုပ်က အရမ်းကို လိမ္မာသိတတ်ပြီး ခဗျာ အနိုင်ကျင့်သမျှကို ခေါင်းငုံ့ခံနေတက်တယ် ကောင်လေးတစ်ယောက်ပေါ့ ဗျာ ဟားဟား "
ဒီတခု ကို ရှောင်ကျန့် မေ့သွားသည် ။ ပြီးတော့ သူ ရဲ့ ဒေါသကို ဘယ်လို နိုးဆွရမလို့ဆိုတာ ဒီကောင်သိနေသည် ။ဒါမို့ ရှောင်ကျန့် ကို အနိုင်ပိုင်းနိုင်တာဖြစ်သည် ။