Unicode
ဗိုက်ကြောများပြတ်ကာ ယားယမ်းနေတာကြောင့် ရှောင်ကျန့် မျက်နှာရှုံ့မဲ့နေလျက် အင်္ကျီအပေါ်ထပ်ကနေ ကုပ်နေရ၏ ။ အင်္ကျီလှန်ပြီး ကုပ်ပြန်ရင် အပါးကဆူနေတာမို့ ရှောင်ကျန့် အိသဲ့သဲ့ နဲ့တာ နေနေရ၏ ။
အားချင် ရှောင်ကောကို မေးထောက်၍ စိုက်ကြည့်နေမိသည် ၊ ဗိုက်ယားယမ်းနေတာကြောင့် တွန့်တွန့်လိမ်းလိမ်းဖြင့် မအိမသာဖြစ်နေတယ် ရှောင်ကောက ဗိုက်အရှိန်ကြောင့် ပါးနှစ်ဖက်က ဖောင်းဖောင်းကြီးရှိနေပြီး အူးယားစရာကောင်း၏ ။
"ရှောင်ကော ဂျယ်ယူမလား ..."
"ဟမ် အင်း မယူတော့ဘူး "
အားချင်အမေးကို စစချင်းတော့ ရှောင်ကျန့် ကြောင်သွား၏ ၊ နောက်မှာ ကိုယ်အဖြစ်ကို သိကာ ကုပ်နေတယ် လက်ကို ဗိုက်ပေါ်မှာ ဖယ်လိုက်ပြီး မယူကြောင်းကို ပြောတော့သည်။
"ဗိုက်ကြောတွေ အရမ်းပြတ်နေတာလားဟင် .. ပြကြည့် အားချင် ကြည့်ချင်လို့ အာ့ ..ဝမ်ရိပေါ် နာတယ်ဟ !"
စပ်စပ်စုစုဖြင့် ရှောင်ကျန့် အင်္ကျီကို လှန်ကြည့်ဖို့ လုပ်နေတယ် အားချင်လက်ကို ဝမ်ရိပေါ်ဆတ်ကနဲ ရိုက်ချလိုက်တော့သည်။ထိုကို အော်လာတယ် အားချင်ကို ဝမ်ရိပေါ် အံကြိတ်ပြကာ စိုက်ကြည့်လိုက်၏ ။
ရှောင်ကျန့်ကတော့ တိတ်ဆိတ်လျက် ထိုင်ကြည့်နေမိသည် ။ အရမ်းချစ်လှပါတယ်ဆို မိန်းမဖြစ်သူ လက်ဖျားနဲ့ မထိဖူးတယ် ဝမ်ရိပေါ်က သူရှေ့ အခုပြုလုပ်လိုက်တယ် အပြုမူကြောင့် ရှောင်ကျန့် ကြည့်သာ ကြည့်နေမိသည် ။
"ဘယ်လို စိတ်ယုတ်ကောင်လဲမသိဘူး "
အားချင် ယှဉ်ပြိုင်မကြည့်နိုင်တယ်အဆုံး မျက်နှာလွှဲချပြစ်လိုက်ပြီး ဆောင့်အောင့်ကာပြောတော့သည် ။
ထိုမှာ မျက်နှာတည်ဖြင့် ရှောင်ကျန့်ဘက်ကို လှည့်ကြည့်လာတယ် ဝမ်ရိပေါ် ကြောင့် ရှောင်ကျန့် မသိမသာ မျက်စီရွေ့လိုက်တော့သည် ။ ဝမ်ရိပေါ် နဲ့ မျက်လုံးချင်း ဆုံကာ ကြည့်ဖို အတွက် ရှောင်ကျန့် အားမမျှပေ။
![](https://img.wattpad.com/cover/283554412-288-k439530.jpg)