Unicode
ရှောင်ကျန့် မျက်လုံးဖွင့်လိုက်တာနဲ့ အဓိပ္ပာယ်မဲ့နေသည် နံရံချပ်ကို တွေ့လိုက်ရ၏ ။ နံရံချပ်၏အဓိပ္ပာယ်မဲ့နေသည် ထပ် ရှောင်ကျန့် ရဲ့ မျက်ဝန်းဆွေးနှစ်ဖက်က သေလူတစ်ကောင် ၏မျက်ဝန်းလို့ အသက်မဲ့လေးသည်။
နှာခေါင်းပေါ်မှာ တစ်ခုခုရှိနေတယ်လို့ ခံစားရတာကြောင့် ရှောင်ကျန့်စမ်းကာ ဆွဲဖြုတ်လိုက်သည်။ ပြီးနောက် ခုတင်ပေါ်မှာ အားယူထားတော့ လက်တဖက်ကို ဆွဲထားသလို့ဖြစ်နေတာကို ခံစားရတာမို့ ငဲ့ကြည့်လိုက်တော့ ၊ သူလက်ကို ကိုင်ကာ ထိုင်ရပ်အိပ်ပျော်နေတယ် ဝမ်ရိပေါ်ကို တွေ့လိုက်၏ ။
အသက်ဝိညာဉ်ကို ဆွဲနုတ်ခံရထားသလို ရှောင်ကျန့် ငြိမ်သက်နေကာ ဝမ်ရိပေါ်ကို အချိန်ခဏမျှ စိုက်ကြည့်ပြီး ၊ ဝမ်ရိပေါ် လက်ထဲမှာ သူလက်ကို အသာရုန်းထွက်၍ ခုတင်ပေါ်မှာ ဆင်းလိုက်တော့သည်။
ရေချိုးခန်းဘက်ကို ဦးတည်ထွက်သွား တဲ့ ရှောင်ကျန့် ခြေလှမ်းက လေးပင်နေပြီး ၊တက်ကြွမှူမရှိပေ။ မသိရင် လဲကျတော့မှာကိုတောင် စိုးရမ်းနေရ၏ ။
ရေချိုးခန်းနံရံမှာကပ်ထားတယ် မှန်ချပ်ရှေ့မှာ ရှောင်ကျန့် ရပ်လိုက်ပြီး နွမ်းလျား၍အသက်မဲ့နေတယ် မျက်လုံးအိမ်ဖြင့် မှန်ချပ်ပေါ်မှာ ရုပ်လုံးပေါ်နေတယ် ကိုယ်ပုံရိပ်ကို စိုက်ကြည့်ကာ သက်အောင့်စွာ ပြုံးမိလိုက်သည် ။
"နာ လိုက်တာ .... ဘယ်နေရာက နာလိုမှန်းမသိရအောင် နာကျဉ်းလိုက်တာ .."
အပ်ကွဲသံကိုမှာ တိုးသိမ့်ဝင်ကာ မျှင်မျှင်လေးဖြစ်ပေါ်လာ၏ ။ မျက်ဝန်းအိမ်နွမ်းနွမ်းလျားလျားထဲမှာ အိုင်ထွန်းလာတယ် မျက်ရည်တွေက ရှောင်ကျန့် ကျရှူံးခန်းကို ဂုဏ်ပြုပေးဖို့အတွက်လား ။
မှန်မျက်နှာပြင်ကို စိုက်ကြည့်နေရင်း တစတစဖြင့် တိုးဝင်လာသည် ဝမ်ရိပေါ် စကားသံများကို ပြန်လည် ကြားယောင်လာတော့ ၊ ခြောက်ကပ်နေတယ် လည်ပင်းထံသို့ တံထွေမျိုချမိလိုက်ကာ စပ်ဖျင်းသွား၏ ။
*" ယောင်္ကျားပိုင်လုံးဆိုတာ ဘာလဲသိလား ရှောင်ကျန့် "*
ထိုစကားသံနဲ့အတူဘေစင်၏လက်ရမ်းကို ရှောင်ကျန့် တင်းကနဲဆုပ်ကိုင်မိလိုက်သည်။