Unicode
တိမ်ကင်းစင်၍ ကြည်လင်နေသော် ကောင်းကင်အောက်မှာ နေကြာပန်းများ ပွင့်လန်းနေသည့် အခင်းကြားတွင် ဝမ်ရိပေါ် ရပ်နေမိသည်။ ဘေးပတ်လည်လည်ကို ကြည့်လိုက်တော့လဲ နေကြာပန်းခင်းကြီးတာ ရှိပြီး တစ်ဦးတစ်ယောက်မှာမတွေ့ပါ ။
အချိန်တော်ကြာရပ်နေတယ် ဝမ်ရိပေါ် နေကြာပန်းခင်း၏ထွက်ပေါက်ကို လိုက်ရှာတော့သည် ။ ကိုကို ကမွေးနေ့တယ် အချိန် သူက ဒီကို ဘယ်လိုများ ရောက်လာသလဲဟု တွေးကာ ဒေါသထွက်နေတော့သည် ။ စိတ်ထဲမှာလဲ ကိုကို မျှော်နေတော့မည်ဟု တွေးလျက် ထွက်ပေါက်ကို အပြေးရှာသည်။
ရှာရင်း ရှာရင်း မောပန်းလာတာကြောင့် ဝမ်ရိပေါ် ခေတ္တရပ်နားလိုက်ပြီး ၊ ခေါင်းလည်ကာ ကြည့်နေတော့သည် ။ ဒီနေကြာခင်း၏ ထွက်ပေါက်ကို တွေ့မှာ ကိုကို ဆီ ရောက်မှာ မို့ ဝမ်ရိပေါ် ဇွဲမလျော့ဘဲ ထပ် ရှာဖို့ ခြေအလှမ်း ကိုကို ခေါ်သံကို ကြားလိုက်ရသည်။
"ရိပေါ်..ရိပေါ် "
ကိုကို အသံကနီးလာလိုက် ဝေးသွားလိုက်နဲ့ ဝမ်ရိပေါ် ပတ်ကာရှာကြည့်တော့ ကိုကို အရိပ်တောင်မတွေ့ရပေ ။
"ကိုကို ဘယ်မှာလဲ !! ကျွန်တော် ဒီမှာ !!"
လည်ပင်းကြောများ ထိုးထွက်လာသည့်အထိ ဝမ်ရိပေါ် အသံကုန်ခြစ်ကာ အော်ခေါ်မိသည် ခဏ နေရောင်ခြည်၏ အလင်းဓာတ်က မျက်လုံးထံသို့ ထိုးကျလာတာကြောင့် ဝမ်ရိပေါ် လက်ကာ လိုက်ပြီး၊ ဖွင့်ကြည့်မိတော့ အလင်းရောင်က မျက်စိထဲသို့ ပြန်ဝင်လာတာမို့ မျက်လုံး ပြန်မှိတ်မိလိုက်သည် ။
"ရိပေါ် "
"ကိုကို "
ကိုကိုခေါ်သံအနားက ထပ်ထွက်လာတာမို့ မျက်စိကို အားယူဖွင့်ကြည့်တော့ ခုတင်ဘေးမှာ ငုတ်တုပ်လေး ထိုင်နေတယ် ကိုကို ကို့ တွေ့လိုက်ရသည် ။ ဝမ်ရိပေါ် အလျင်မြန် ထ၍ လှမ်းဖက်လိုက်တော့ အင့် ကနဲ အသံဖြင့် ညီးညူးကာ ရိပေါ် ကျောပြင်ကို ပုတ်ပေးနေတယ် ကိုကိုကြောင့် ဝမ်ရိပေါ် မျက်ရည်များကျလာရတော့သည် ။ သူ ကိုကို ကို့ မတွေ့ရတော့ဘူး ထင်နေမိတာ ။
"သားရိပေါ် နိုးနေပြီးလား ..ဟဲ့ ဟဲ့ ရှောင်လေးကို အရမ်းမဖက်နဲ့လေး ဗိုက်ခွဲထားတာ မကျက်သေးဘူး "