Unicode
"မလိုက်ဖြစ်တော့ဘူး ငါ ရှောင်ကောကို စိတ်မချလို ဝမ်ရိပေါ် .."
ဟုဆိုလျက် အားချင် အောက်ထပ်ကို ဆင်းလာလိုက်တော့သည်။ စိတ်ကကြည်သေးတာမဟုတ်ဘူး ဝမ်ရိပေါ် မျက်နှာကို တွေ့လိုက်တာ နဲ့ အားချင် ကုပ်ဖဲ့ချင်နေတာဘဲသိတယ်။
"အမလေး ! ဘုရား ! ရှောင်ကော ဘာတွေလုပ်နေတာလဲ ၊အခုမှ ကလေးက လနုနေသေးတာ မတော်တဆဖြစ်ကုန်မှာဘဲ ..."
အားချင်ရင်တမမဖြင့် ရှောင်ကျန့် လက်ထဲက အဝတ်ခြင်းကို လက်လွှဲယူလိုက်ပြီး ၊ နူတ်မှလဲ အဖွားအိုးကြီးတစ်ယောက်လို ရွတ်နေတော့၏ ။
ရှောင်ကျန့်ကတော့ အားနာတာကြောင့် မပီတပြင်အပြုံးဖြင့် ပြုံးကာ အားချင်လက်ထဲက အဝတ်ခြင်းကို ပြန်ယူဖို့ လုပ်၏ ။
ထိုကိုသည်တယ် အားချင်က အဝတ်ခြင်းကို ရှောင်ကျန့် လက်ကမ်းမမှီအောင် ရွေ့လိုက်ပြီး ။
"အလေးအပင့် တွေကို မ,မပါနဲ့လို့ အားချင်ပြောထားတာကို နားမထောင်ဘူး ကြည် "
"ဒါက လေးတာမှမဟုတ်တာ ကောက ဒီလောက်တော့လုပ်နိုင်ပါတယ် ၊ ကောက မိန်းမမှမဟုတ်တာ ယောင်္ကျားလေးတစ်ယောက်လေး ဒါတွေကို ပင့်တာ မပြောစလောက်ပါဘဲ .."
"မိန်းမကိုယ်ဝန်ဆောင်ထပ် ယောင်္ကျားလေးကိုယ်ဝန်ဆောင်က အဆပေါင်းများစွာ ပိုးမွေးသလို ဂရုစိုက်ရတယ် ရှောင်ကော ၊ မဖြစ်ဘူး ဦးဝမ်ကို ရှောင်ကောအကြောင်း လှမ်းတိုင်ရမယ် "
ထပ်ရွတ်လာတယ် အားချင် စကားကြောင့် ရှောင်ကျန့် အားချင်ကို နားမလည်းသည်မျက်နှာဖြင့် ကြည့်လိုက်မိသည်။
"ကြည့်မနေ နဲ့ ရှောင်ကော စစဗိုက်ဗိုက်ရှိတယ်နေ့ထဲက ဦးဝမ်ကော့ ဦးရှောင်ရောသိတယ် ၊သူတို့ ခရီးလွန်းနေလို့သာ မလာရကြတာ သူတို့မှာ မြေးဦးရနေလို ပျော်မဆုံးဖြစ်နေကြတယ် ..."
ပြုံးပြုံးကလေးဖြင့်ဆိုကာ လျှော်စက်ထဲကို အင်္ကျီတွေထည့်နေတယ် အားချင်ကြောင့် ရှောင်ကျန့် အော်'ဟုသာ သံယောင်ဆိုလျက် ခေါင်းညိတ့်ပြမိသည် ။
တကယ်လဲ ရှောင်ကျန့် ပါးတို့ကို သတိမပေးရသေးပေ ၊ ပါးတို့ကို မေ့နေတာဆို မှန်ပါသေးတယ် ။ သောကများကို စိတ်ရောက်နေတယ် ရှောင်ကျန့်က အပျော်စကားကို လက်ဆင့်ကမ်းဖို့ မေ့နေသေး၏။