Unicode
"ချောလာလိုက်တာ...ကိုယ်ဝန်နဲ့မို့ ထင်တယ်....."
ရပ်နေတယ် ရှောင်ကျန့် နားမှလာရပ်ပြီး ၊ ရှောင်ကျန့် လက်မောင်းကို ကိုင်လျက် ပီတီဖြစ်စွာ ပြောနေတယ် ဦးဝမ်ရုန်ကြောင့် ရှောင်ကျန့် ရှက်ပြုံးဖြင့်သာ တုန့်ပြန်ပြလျက် ခေါင်းညိတ့်ပြမိတော့သည် ။
"အဆင်ပြေတယ်မလား မင်းအပါးကတော့ လာချင်နေတာ ၊ ခရီးလွန်းနေတော့ ပါးကမပို့ဖြစ်တာ ..."
ရှောင်ကျန့် ခေါင်းကိုပုတ်လျက် ရယ်မောကာပြောလာတယ် ပါးဖြစ်သူကို ရှောင်ကျန့် မျက်ရည်လည်ကာကြည့်နေမိသည်။ ပါးက သူပေါ်မှာ ထိုလို လုပ်ပေးတာတွေ နည်းပါးနေပြီး ၊ မားဆုံးပြီး နောက်ပိုင်း ပါးက ရှောင်ကျန့် ကို ဂရုစိုက်ဖိုအတွက်မေ့တာများ၏။
"ကိုယ်ဝန်ရှိရင် မျက်ရည်ကျမကောင်းဘူး ရှောင်လေး "
ကျဆင်းနေတယ် မျက်ရည်များကို တယုတယသုတ်ပေးလျက် ပြုံးကာဆိုသည့် ဦးဝမ်ရုန် ။
ရှောင်ကျန့် မျက်ရည်တွေကို သုတ်ပေးနေတယ် ဦးဝမ်ရုန် လက်ကို ကိုင်လိုက်ပြီး ။
"တောင်းပန်ပါတယ် ..တကယ်ကို တောင်းပန်တာပါ "
"ဘာကိုလဲ ရှောင်လေး ... ဒီလောက် လိမ္မာတဲ့ကလေးက ဘာများမှားခဲ့လိုလဲ "
လက်တဖက်ကို ကိုင်ထားတယ် ရှောင်ကျန့် လက်ပေါ်ကို ဝမ်ရုန် ထပ်ကိုင်လျက် ဆိုမိသည်။
"ဟင့် ..ကျွန်တော်မှားမှန်သိပါတယ် ၊ကျွန်တော် ရိုင်းစိုင်းမှန်သိပါတယ် ၊ ပါးအချစ်တွေကို လုယူသွားမှာဆိုးလို တစ်ကိုယ်ခေါင်းဆန်းခဲ့မိတာပါ ဟင့်...ရွှတ် "
"ဟင်း...ညောင်းနေပြီးပေါ့ ရပ်နေကြတာ သွားထိုင်ကြမယ် "
မျက်ရည်လဲကာ ငိုနေလျက် မှားမှန်သိ၍ တောင်းပန်နေတယ် ရှောင်ကျန့်ကို ငေးကြည့်ကာ မျက်ရည်စိုတက်လာတယ် ဝမ်ရုန်ကြောင့် ရှောင်ချီ ယောင်္ကျားဖြစ်သူပုခုံးကို အားတင်းနှိမ်သိမ့်ပေးလျက် သိုင်းဖက်ကာဆိုဖာရှိရာကို လျှောက်သွားတော့သည်။ ရှောင်ကျန့် လဲ အဖေနှစ်ယောက်နောက်မှာ တိတ်ဆိတ်စွာ လိုက်ပါသွားတော့သည်။