part-21

7.2K 326 16
                                    

Unicode

အိအိလေးနဲ့ အသားကောင်းလွန်းတယ် ကော်ဇော်ကို ဝမ်ရိပေါ် ကျိုးချန်ပူကပ်ပြီး ဝယ်ခိုင်းထားတာမို့ ကိုကို အတွက်အဆင်ပြေသည်။ နိုမို့ဆို အေးစက်နေတယ် ကြမ်းပြင်မှာ နေရှိတရွေ့ထိုင်နေရင်တော့ ခြေချိနေမှာ သေချာသည်။

မနက်မိုးလင်း‌ထဲက ထိုနေရာမှာဘဲ ငုတ်တုပ်ထိုင်ကာ ချည်‌လုံးတွေ အလုပ်ရူပ်နေတယ် ကိုကို က သူကို မေ့နေသည် ။ တက်ပလက်တစ်လုံးကို ရှေ့မှာ ချပြီး တောက်ခြစ်မြှောက်ခြစ်ကြည့်ကာ ချည်လုံး နဲ့ အလုပ်ရူပ်နေတယ် ကိုကို က ဗိုက်ဆာဖိုများမေ့နေလား ။မ‌နေနိုင်တယ် ဝမ်ရိပေါ်ကဘဲ မနက်စားကို အပြင်ယူထုတ်လာရပြီး တိတ်ဆိတ်စွာ ခွန်းကျွေးနေရပြန်သည်။

"ကိုကို ဆေးသောက်ဖို .."

ကိုယ်ဝန်အားဆေးဗူးကို ဖွင့်၍ ယူထုတ်ကာ ရေတစ်ခွက်နဲ့အတူ ထိုးပေး၍ ပြောတော့ မော့ကြည့်လာပြီးခေါင်းညိတ့်ပြကာ ယူလိုက်ပြီးသောက်၍ ပြန်အလုပ်ရူပ်နေပြန်တယ် ကိုကို ကြောင့် ဝမ်ရိပေါ် တင်းလာတော့သည်။

"ကိုကို "

ဝမ်ရိပေါ် အသံဆောင့်ကာခေါ်တော့ မျက်နှာရိုးကုပ်ကာ မော့ကြည့်လာတယ် ကိုကိုက ဘာလဲဟုသဘောဖြင့် မေးဆတ်ပြ၏ ။ပါးနှစ်ဖက်က ဖောင်းကားနေပြီးပြည့်အင်နေတာမို့ ဝမ်ရိပေါ် ကြည့်ရင်းကြည့်ရင်းအသဲယားလာတာကြောင့် ပါးအိုနှစ်ဖက်ကို လက်မနဲ့လက်ညှိုးအသုံးပြုကာ ဆွဲညှစ်လိုက်တော့သည် ။

"အာ့ ! နာတယ် "

"အသဲယားအောင် လုပ်တာကို "

"ဘယ်မှာ လုပ်လိုလဲ "

"အခုဘဲ လူကို ပြစ်ထားပြီး အသဲယားအောင်လုပ်နေတာလေး "

"မပြစ်ထားပါဘူး "

"ကြည့် လူကြီးဖြစ်ပြီး အငယ်ကို လိမ်နေတယ် "

အူလည်လည်မျက်နှာဖြင့် ဝမ်ရိပေါ်စကားကို ပြန်ဖြေတယ် ကိုကို နဖူးကို ဝမ်ရိပေါ် အသဲယားစွာ တို၍ ပြုံးကာပြောတော့သည်။

🔥အမုန်းဆွဲအား~~~~💥(completed) Where stories live. Discover now