part-13

7.7K 396 19
                                    

Unicode

ကားစက်သံရပ်သွား တာနဲ့ ကြမ်းတမ်းစွာ ဆွဲဖွင့်လိုက်တယ်ကားတံခါးသံကို ကြားလိုက်ရသည် ။မျက်နှာတင်းတင်းဖြစ်ထိုင်နေတယ် ရှောင်ကျန့်ကို ဝမ်ရိပေါ် စောင်းငဲ့ကြည့်၍ ကားပေါ်က ဆင်းသွားလိုက်တော့သည် ။

ကားခေါင်းရှေ့မှာ ဝမ်ရိပေါ် မတ်တပ်ရပ်နေပြီး ၊ ဒီနေ့ စိတ်မောပမ်းခဲ့သမျှ မွန်းကျပ်ခဲ့သမျှကို ဖြေဖြောင်းလိုငြားဖြစ် ခါးဆစ်ကို ညာဘယ်လှည့်ချိုးပြစ်၍ ကားပေါ်က မဆင်းသေးတယ် ရှောင်ကျန့်ကို စိုက်ကြည့်ပြီး။

"ဒါကျုပ် အိမ် .. ဆင်းတော့ ခဗျာကို မချီချနိုင်ဘူး !"

ဝမ်ရိပေါ် ခနဲစကားသံကို ရှောင်ကျန့် နားကြားကပ်လာတာကြောင့် ကားတံခါးကို ခြေထောက်ဖြင့် ဆောင့်ကန်ကာ ဖွင့်လိုက်တော့သည် ။ သူတပါးကို စိတ်တိုလို့ လုပ်လိမ့်မယ် တကယ် တကယ်တော့ ပြန်ထိတာ သူပါဘဲ ၊ တင်ပါးစုံက အောင့်နေတာကြောင့် ကားတံခါးကို ဆောင့်ကန်လိုက်တော့ ပို၍ အောင့် မြက်သွားတော့သည်။

"ရှောင်ကျန့် !!!!!!"

"ဘာလဲ !!!"

ကားပေါ်က ရှောင်ကျန့် ထော့နဲထော့နဲဖြစ် ဆင်းလိုက်ပြီး ၊ ဝမ်ရိပေါ် အော်သံကို ပြန်လဲတုပ၍ ချေပကာအော်ပြစ်လိုက်သည်။

"ခဗျာ !!!! ကျုပ်ကို စိတ်မတိုတိုအောင် ဆွနေတာလား ဟမ့် !!!!"

"ငါ ဘာလုပ်လို့လဲ ဝမ်ရိပေါ် !!!"

ဒေါသဂုဏ်မာဖြစ်နေတယ် ဝမ်ရိပေါ်ကို ရှောင်ကျန့် ပိုမို ခနဲကာ ရွဲပြစ်မိသည် ။ ကားတံခါးကို ဆောင့် ပိတ်လိုက်ပြီး ရှောင်ကျန့် ဝမ်ရိပေါ်ကို ကျော်ကာ ထော့နဲထော့နဲဖြစ် အိမ်ရှေ့တံခါးပေါက်ဝမှာရပ်စောင့်နေလိုက်တော့သည်။

အိမ်တံခါးကိုသော့ ပိတ်ထားတာကြောင့် ရှောင်ကျန့် ဝင်လိုလဲမရ ၊ တင်ပါးကနာ စိတ်ကလဲအတော်ကိုတိုလာရတော့သည်။

နောက်မှာ ဖုန်းပြောကာ လျှောက်လာတယ် ဝမ်ရိပေါ်ကို ရှောင်ကျန့် ငဲ့ကြည့်လိုက်ပြီး ၊ စိတ်ထဲကအခဲမကျေတာတွေကို တတွတ်တွတ်ရည်ရွတ်ကာ ပျစ်ပျစ်ကာကာကို ဆဲတိုင်းထွားနေတော့၏ ။

🔥အမုန်းဆွဲအား~~~~💥(completed) Where stories live. Discover now