(Unicode)
"ပါး..."
အိမ်ထဲ မဝင်ခင်းလေး ရိပေါ် ပါးကို ခေါ်ကာ အသံပြုမိသည်။ ထို မှာ ထွက်လာသော ပါး နဲ့ ပါးခင်ပွန်းဟု ထင်ရသောဦးရှောင်ချီ ဟာ ပြုံးလျက် ထွက်လာတော့သည်။
" ပါး မျှော်နေတာ ..မလာတော့ဘူးတောင် ထင်နေမိတယ် "
"ဟုတ် ကျန်းချန် ရစ်နေလို့ ပါ သား နည်းနည်းလေး နောက်ကျသွားတယ် "
"အိမ် ထဲဝင်ကြလေး အိမ်ပေါက်ဝမှာဘဲ စကားရပ်ပြောကြတော့ဖို့လား ..လာ ရိပေါ် "
"ဟုတ်ကဲ့ . ..ဦးရှောင်ချီ "
ဖော်ရွေးလွန်းသော ဦးရှောင်ချီ ကို မြင်တော့ ရိပေါ် ထို ကောင်လေး ကို မြင်မှတ် ၍ ဘယ်သူမှာမမြင်လေအောင် မျက်နှာပျက်ကျလျက် တခဏတွင် ပြန်လဲ ပြုံးပြကာ ပါး နဲ့ ဦးရှောင်ချီ နောက်ကို လိုက်သွားတော့သည် ။
"ကဲ ထိုင် ရိပေါ်..ကိုယ်အိမ်လို့ သဘော ပေါ့ "
"ဟုတ်ကဲ့ ရပါတယ် ဦးရှောင်ချီ "
"သား ဒီမှာ နေမယ်မလား "
သူကို လှမ်းမေးလာသော ပါးကြောင့် ရိပေါ် ဦးရှောင်ချီကို အကဲခက်သလို့ လှမ်းကြည့်မိတော့ ပြုံးပြနေကာ ပါး နဲ့ထပ်တူ သူကို ဒီမှာဘဲ ပေးနေချင်ပုံထောက်သည်။အစကတော့ ပါး နေဖို့ ပြောလာရင်း ငြင်းဆို မယ်ဟု တွေးလာပင်မဲ့ ..စရိုက်ကြမ်း၍ ရိုင်းစိုင်းသော ကောင်လေး မျက်နှာကို အတွေးထဲ မြင်ယောင်လိုက်တာ နဲ့ ရိပေါ် မျက်နှာဟာ ခက်ထန် သွားလျက် ပါး ကို ကြည့် ၍ .....
"သား နေမယ် ပါး ...ဒါပင်မဲ့ အဝတ်စားတွေ ပြန်ယူရအုံးမယ် "
" အင်းပါ နောက်မှာ သွားယူလဲ ရပါတယ်..သား ဒီမှာနေမယ်ဆိုတော့ ပါး စိတ်အေးရပြီး ၊နောက်မဟုတ် ရင် တစ်ယောက်ထဲ ကျန်နေခဲ့မယ် သား ကို စိတ်ပူရကြီးလွန်းလို့ ပါး အနေဖြောင့် မှာတောင်မဟုတ်ဘူး အခုတော့စိတ်အေးရပြီး "
ရိပေါ် ပြုံးတာပြမိတော့သည် ။ တကယ်ကို စိတ်အေးချမ်းသွားသလို့ မျက်နှာကလေးကြည်လင်း၍ မျက်လုံးများမှိတ်ကျမတက် ရီပြလာသော ပါးကြောင့် ရိပေါ် ဆုံးဖြတ်ချက် မှန်တယ်ဟု ကိုယ်ကို တွေးနေလိုက်သည်။