Unicode
" Mr.wang "
ခေါ်သံ နဲ့အတူ အနားရောက်လာတယ် Johnဝမ်ရိပေါ် လက်မောင်းကို ဆုပ်ကိုင်လိုက်တာကြောင့် ဝမ်ရိပေါ် အလိုမကျသည့် မျက်နှာဖြင့် ခါထုတ် ၍ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။
"ဟင်း...ကျွန်တော် ဆီ ဘာလို မလာလဲလို မေးစရာမလိုတော့ဘူးထင်တယ် "
အောင့်သက်ခါးမြစ်စွာ ပြုံးလျက် John ဒုတိယအသံထွက်လာပြန်သည်။
"အဲ့ဒီပွဲက ဘာကို ဦးတည်နေတာလဲဆိုတာ တုံး အနေတယ် လူမှာမဟုတ်တာ Mr.John"
"ကျွန်တော်က Mr.wang ရဲ့ ခင်မင်မူရချင်လို့ ..."
"ခဗျာက ခင်မင်မူထပ် ပိုလျှံကာ နေတာ မဟုတ်လား Mr.John ... သွားခွင့်ပြုပါအုံး ကျွန်တော်မအားဘူး "
ပြောကာ ထွက်သွားတယ် ဝမ်ရိပေါ်ကို Johnမျက်ရည်အဝသားဖြစ် ငေးကြည့်နေရင် ၊ အသံကျယ်ကျယ်ဖြင့် သူသိချင်တာ သူပြောချင်တာတွေကို အော်ပြောတော့သည်။
"တကယ်ဘဲ ကျွန်တော်ကို သဘောမကျတာလား Mr.wang ကျွန်တော်ကတော့ သဘောကျတယ် Mr.wangကို ...."
"ဟက် ... မင်းကတဖတ်သတ်ကို ထင်မြင်နေတာဘဲ ၊ ဝမ်ရိပေါ် ဆိုတယ် လူက ဘယ်တော့မှာ ခြေမကျွံဘူး ၊ ကျွံခဲ့မယ် ခြေရှိရင်လဲ ဖြတ်တောက်ပြစ်ဖို့ ဝံ့မလေဘူးဆိုတာ Mr.Johnသိရင်ကောင်းမယ် ၊ အဲ့လိုဘဲ ကျွန်တော် ပိုင်ဆိုင်သူကလွဲ ရင် အရာအားလုံးက လေ လို သတ်မှတ်ထားတာမို့ ကျွန်တော် စကားတွေ နားလည်းလောက်မယ်ထင်တယ် Mr.Jihn"
"တကယ်ဘဲ Mr.wang က လေးစားဖို ကောင်းပါတယ်လူ ဒါပင်မဲ့ ကျွန်တော် ရဲ့ အချစ်တွေရော မြင်ရဲ့လား "
"မမြင်ဘူး ဘာလိုဆို ကျွန်တော် မြင်တာ ပိုင်ဆိုင်သူ တစ်ယောက်ထဲမို့ ..ဖေါဖေါသီးသီးပေးလာတယ် အချစ်တွေက အသားစိမ်းလိုညှီးနံ့ထွက်တက်လို့ ကျွန်တော်မမြင်ဘူး Mr.John"
ပြော၍ ထွက်သွားပြန်တယ် ဝမ်ရိပေါ်ကို Johnမတားမိတော့ပါ ၊ ပြတ်သားစွာ ကြားလိုက်ရတယ် စကားက ထပ်မေးဖို အတွက်John ခွန်အားမရှိပေ ၊ ဓားနဲ့ ပွန်ခံထိတယ် နှလုံးသားက သွေးစက်တွေ တပေါက်ပေါက်ကျနေတာတောင် စကားများရဲ့ နှလုံးသားကို သတ်သွားတယ် စံနူန်းက Johnနှလုံးသား သေဖို လောက်သည်။