part-22

6.8K 303 13
                                    

Unicode

မွေးဖွားဖို့ ရက်နီးကပ်လာတော့ ဝမ်ရိပေါ် အလုပ်တွေကို အကုန်ပြစ်ကာ ကိုကိုနားမှာဘဲ အချိန်တိုင်ကပ်နေရတော့သည် ။ ခြေထောင်တွေဖောင်းတင်းနေကာ ဖော့နေတာမို့လဲ ဝမ်ရိပေါ် စိတ်မချမ်းမြေ့ပေ ၊ တစ်ခုခုဆို သူသာဖြစ်လိုက်ချင်းပါတယ်လိုလဲ စိတ်ထဲမှာ ငြီးငြူးငြူးနေပြီးတာ အခါတစ်ရားမကရှိနေပြီး ။

လမ်းလျှောက်ရမှာကို အဆင်မပြေတဲ့အခါတိုင် အော်အော်ငိုနေတယ် ကိုကိုက ဝမ်ရိပေါ်စိတ်ကို အသေသတ်နေပါသေးတယ် ၊ အပြစ်များကို အခုတစ်ခါထဲ ပြန်ကလဲ့စားချေနေသယောင် ဝမ်ရိပေါ် စိတ်ကို မျက်ရည်တွေဖြင့် အခါခါသတ်နေပြန်သည် ။

အခုလဲ ခြေထောက်များကိုက်၍တင်းနေတယ်ဟုဆိုတော့ ဝမ်ရိပေါ် အဆင်ပြေအောင်စီမန့်ပေးရပြီး ၊သူပေါင်ပေါ် ကိုကိုခြေထောက်တွေတင်ထားကာ ဖွဖွကလေး နှိမ်နှယ်ပေး‌နေတော့သည်။

"ကိုကို နေသာလား .."

"မင်းခံကြည့်ပါလား !!"

‌တွေ့လား ဝမ်ရိပေါ် ဘယ်လိုဘဲမေးမေး စိတ်ကလက်တဆစ်ကိုကိုက ဘုဘောက်ဖြင့် အော်သေးသည် ။

"ကိုကို ဆူရှီးစားမလား "

အစားဘက်သို့ ဝမ်ရိပေါ် စကားလှည့်ပြောလိုက်တော့လဲ စူပုတ်နေတယ် မျက်နှာလေးက ပြေလျော့လာပြီး ခေါင်းခါပြပြန်သည်။

"မောက်ချိုက်ရော စားမလား "

"မစားချင်ဘူး "

ဟုဆိုလျက် ဝမ်ရိပေါ် လက်ကြားမှာ ခြေထောက်တွေကို ရုန်းပြီး တဖက်လှည့်အိပ်လိုက်တယ် ကိုကိုကြောင့် ဝမ်ရိပေါ် သက်ပြင်းဖွဖွချမိပြန်သည် ။

အနောက်ဘက်မှာ ငြိမ်သက်သွားကာ ဘာသံမှာမကြားရဘဲ တိတ်ဆိတ်နေတာကြောင့် ရှောင်ကျန့် လှည့်ကြည့်မိသည် ။ တွေ့လိုက်ရတယ်ခဏ ရှောင်ကျန့် ပါးစပ်ကလေးဟကာ ကြည့်နေမိသည်။

မျက်ရည်တွေတပေါက်ပေါက်ကျဆင်းကာ သူကို ကြည့်၍ အသံတိတ်ရှိူက်ငိုနေတယ် ဝမ်ရိပေါ်ကြောင့် ရှောင်ကျန့် ကြောင်လျက်စိုက်ကြည့်နေမိသည်။

"ဘာ ဘာဖြစ်လိုလဲ ရိပေါ် "

"ဟင့် ...."

ရှိူက်သံ နဲ့အတူ ပက်လက်ဖြစ်နေတယ် သူကိုယ်အပေါ်ပိုင်းကို အုပ်မိုး ဖက်ကာ ပုခုံးကြားခေါင်းညှပ်ထား၍ ငိုနေတယ် ဝမ်ရိပေါ် ကို ရှောင်ကျန့် ဘာမသိညာမသိဘဲ ကျောပွတ်ကာနှစ်သိပ့်ပေးတော့သည် ။

🔥အမုန်းဆွဲအား~~~~💥(completed) Where stories live. Discover now