part-8

9.9K 423 10
                                    

(Unicode)

"ဟ့ဟျောင့် မင်း မဟုတ်တာတွေ ကို အတက်စမ်းချင်တက်ပ့ဆို အခုထဲက ရပ်လိုက်တော့ အဓိပ္ပာယ်မရှိတာတွေကို မလုပ်စမ်းပါ နဲ့ကွာ "

"ဘာကိုလဲ "

အဆုံးမရှိ အရင်းမရှိ ဆရာကြီးထလုပ်နေသော ကျန်းချန် ကို ဝမ်ရိပေါ် နဂိုကျဉ်းမြောင်းနေသော မျက်အိမ် ကို မှေးစင် ၍ စိုက်ကြည့်ကာ သူဗီဇအတိုင်းအသံဖြင့်မေးသည်။

"မင်း..Suho ကို ပေါက်ရဆေး တွေကို ကူညီခိုင်းတယ်ဆို "

ကျန်းချန် စကားလဲ ဆုံးရော ဝမ်ရိပေါ် မျက်ခုံးတစ်ဖက်ကို ပင့်တင်လျက် ဘာစကားမှာဆက်မပြောတော့ဘဲ အသံတိတ်ဖြင့် မင်းသိတာဟုတ်တယ်ဟု ဝန်ခံလိုက်သည့်‌သဘောဆောင်ကာ သူရှေ့ရှိ အထပ်လိုက်ရှိသော ဖိုင်တွဲများကိုသာ အာရုံပို့လိုက်တော့သည်။

"ကျစ် ! ဝမ်ရိပေါ် ! မင်း ငါကို သူငယ်ချင်းလို့ကော သတိရသေးလား "

"ဘာလဲကွာ...မင်းသိတော့ရော အဲ့ဒီဆေးကို ယူပြီး ဝမ်ချင် ကို သွားတိုက်ဖို့လား ၊ မင်း အတော်ကို စောက်လျှာရှည်တာဘဲ "

"ဟ့ဟျောင့်ရေးးး ! ငါ မင်းကိုမေးတာ အေးဆေးနေနေတဲ့ ငါ ကောင်မလေးကိုတော့မထိပါ နဲ့ကွာ "

"ဒါဆို မင်း အပေါက်လဲပိတ်လိုက် "

လုပ်လက်စဖိုင် တွေကို ကောက်ကိုင်လိုက်ပြီး ၊ လက်တော့ပ်ကို ပိတ်ကာ ရိပေါ် ရုံးခန်းထဲက ထွက်လာလိုက်တော့သည် ။သူ ကို လိုက်ကြည့်နေသော ကျန်းချန် ကို ဘာလဲဟု မူန်ကုတ်ကုတ် ဖြင့်မေးဆတ်ပြလိုက်တော့ ခေါင်းခါပြကာ သွားဟု လက်ရမ်းပြသည်။ ဒီကောင် ကို စိတ်ဆိုး ဟန်ဆောင်ပြမှာ ရစ်နေတာ အပေါက်ပိတ်တယ် ..ဒီကောင်က ဝမ်ရိပေါ် ဒေါသထွက်ရင်း နေစရာမရှိအောင် ကုပ်တက်တယ် ကောင်။

⭕⭕⭕⭕

ပေါ်တီစင်အောက်မှာ ကားထိုးရပ်လိုက်ပြီး ရိပေါ် အိမ်ထဲသို့ ဝင်လာလိုက်တော့သည်။ သူ အိမ်ထဲကို ရောက်တာ နဲ့ အပြုံးဖြင့် စီးကြိုးနေသော ပါးကို တွေ့လိုက်ရတာကြောင့် ရိပေါ် မူန်ကုတ်နေတာများ ပြေလျော့ကာ ပြန်လည် ပြုံးပြမိသည်။

🔥အမုန်းဆွဲအား~~~~💥(completed) Where stories live. Discover now