Unicode
The past;;;
"ပါး ..အကောင်းကြီးရှိရက်နဲ့ ကျွန်တော်ကို ဘာကြောင့် လိမ်ခေါ်ရတာလဲ ၊ အရေးမကြီး ရင် ကျွန်တော်ပြန်ရမယ် "
"မင်း ဒီအိမ်ကခြေလှမ်းတစ်လှမ်းထွက်လိုက်ကြည့် ရှောင်ချီ ပြီးမှာ ငါအဆိုးမဆို နဲ့....မင်းကို မပြောချင်လို့ လွှတ်ထားတာ ၊မပြောနိုင်လို့မဟုတ်ဘူး ရှောင်ချီ "
"ပါး..."
ရှောင်ချီ ပါးကိုကြည့်ကာ မချီမငံခေါ်မိတော့သည် ။ တကယ်ဘဲ ပါးကဘာဖြစ်နေတာလဲ ။
"ယောင်္ကျားတစ်ယောက်တန်မဲ့ ဗိုက်ကြီးနိုင်တယ်ဆိုတာ အောက်တန်းကျတဲ့ကိစ္စ ရှောင်ချီ ငါ လက်မခံနိုင်ဘူး ၊ မင်းကို အစကငါမပြောတာ စိတ်ချမ်းသာပါစေတော့ဆိုပြီး ဘေးမဲ့ပေးထားတာ ၊ လွတ်လပ်အောင်ကြိုးလွှတ်ထားပေးတာမဟုတ်ဘူး ရှောင်ချီ "
"မဟုတ်ဘူးလေးပါး ..ဒီကိစ္စတွေနဲ့ ရုန်နဲ့ဘာဆိုင်နေလိုလဲ ပါး ရုန်က အေးဆေးသမား ဘယ်သူကိုမှာ ဝင်မရူပ်တက်ဘူး ..ပါးတစ်ခုခု အထင်လွဲနေပြီးထင်တယ် "
"အထင်လွဲတယ်...အထင်လွဲတာမဟုတ်ဘူး ၊ ယောင်္ကျားတစ်ယောက်ဖြစ်တဲ့ မင်းကို ခွေးဇာတ်ခင်းတာရပ်တန့်ကရအောင်လို ငါသတိပေးဖို ခေါ်လိုက်တာ ရှောင်ချီ "
"ရပ်လိုမရတော့ဘူး ပါး..အခုရုန်မှာက ကျွန်တော်ရင်သွေးကို လွယ်ထားရပြီး ၊ အခုမှာ ပါးတားမြစ်နေလဲ ဘာမှာမထူးလာတော့ဘူး ပါး "
ရှောင်ချီ ပါးဖြစ်သူ၏ မျက်နှာကို စေ့စေ့ကြည့်ကာ ခွန်းတုန်ပြန်လိုက်၏ ။ ကိုယ်ရင်သွေးကို ယောင်္ကျားလေးတစ်ယောက်တန်မဲ့ လွယ်ထားပေးတယ် ရုန်ကို ရှောင်ချီ ပြစ်မထားနိုင်ပါ ။
"ရှောင်ချီ မင်းက ငါမွေးလာလို လူဖြစ်လာတယ် ကောင်ပါ မင်းငါစကားတွေကိုဆန့်ကျင်တာများနေပြီး ရှောင်ချီ ဒီတခါတော့မရတော့ဘူး ၊ မင်း အတင့်ရဲပြီး အိမ်ထဲက ခြေလှမ်းထွက်သွားတာ နဲ့ အမျိူးမစစ်ကောင်နဲ့ သူဗိုက်ထဲက ကလေးကိုပါ ငါသတ်ပြစ်ဖိုအတွက် အမိန့်ပေးရမှာ မင်းလျှောက်လှမ်းတွေထပ် မြန်တယ်ဆိုတာ မင်းသိသင့်တယ် "