❗အသိအမှတ်ပြုခြင်းကို လိုလားခြင်းနှင့် စိတ်ဝေဒနာတစ်မျိုး❗
အသိအမှတ်ပြုခြင်းကို ခံယူချင်ကြတာ လူသားတိုင်းရဲ့ သဘာဝပါပဲ။ ယုတ်စွအဆုံး ကိုယ် ကူညီလိုက်တဲ့အခါ တစ်ဖက်ကနေ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလေးကိုတော့ မျှော်လင့်မိတတ်ကြပါတယ်။ မျှော်လင့်ထားသလို တစ်ဖက်က တုံ့ပြန်တတ်တဲ့ အလိုက်သိစိတ်မျိုးမရှိဘူးဖြစ်ရင် ကိုယ့်စိတ်ထဲ မကျေမနပ်ဖြစ်မိကြပါတယ်။
ပိုက်ဆံလိုအပ်လို့ လာချေးတဲ့သူကို ကိုယ်က ချေးပေးလိုက်တဲ့အခါ ..တစ်ဖက်က ကျေးဇူးတင်ပါတယ်ဆိုပြီး ကိုယ့်ရဲ့ကူညီမှုကို အလိုက်သိပေးတာမျိုး၊ဘက်စ်ကားပေါ်မှာ ကိုယ့်နေရာကိုဖယ်ပေးပြီး လိုအပ်တဲ့သူအတွက်နေရာပေးလိုက်တဲ့အခါ... တစ်ဖက်က ကိုယ့်ရဲ့ကူညီမှုကို လေးစားတာမျိုး၊ကြီးမားတဲ့အရာတွေကိုခဏထား... အသေးအဖွဲ့လေးကအစ ကိုယ်က ကူညီပေးလိုက်တိုင်း တစ်ဖက်က အသိအမှတ်ပြု ကျေးဇူးတင်ခြင်းကို လိုလားတတ်ကြပါတယ်။ ထို လိုလားတဲ့စိတ်ကြောင့်လည်း နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရပါတယ်။
ဘယ်လိုဆိုးကျိုးတွေလဲ၊ကိုယ်ကူညီပေးလိုက်တဲ့စေတနာအပေါ် တစ်ဖက်က အလိုက်တသိနဲ့ အသိအမှတ်ပြုခြင်းကို မခံစားရတဲ့အခါ... သိပ်မခင်တဲ့ သူစိမ်းဆိုရင်တော့ စိတ်ထဲချဉ်သွားတာနဲ့ပဲ ပြီးသွားပါလိမ့်မယ်။ နောက်ခါ ဆို ဒင်းကို လုံးဝမကူညီဘူးဆိုပြီး ဖြစ်သွားမယ်ပေါ့။ဒါပေမယ့် သူစိမ်းမဟုတ်ဘဲ ကိုယ်နှင့်နီးစပ်နေသူ ကိုယ့်မိသားစု မိတ်ဆွေရင်းချာထဲဆိုရင်တော့ ဒီပြသာနာရဲ့နောက်ဆက်တွဲက ပိုဆိုးသွားနိုင်ပါတယ်။ (အများအားဖြင့်လည်း ကိုယ်တို့တွေက သူစိမ်းတွေအပေါ်ကိုတော့ ကျေးဇူးတင်ခြင်း အသိအမှတ်ပြုခြင်းတွေ လုပ်ကြပြီး ကိုယ့်လူရင်းဆိုရင်တော့ အသိအမှတ်ပြုဖို့ကို မေ့နေတတ်ကြါပတယ်။)
နောက်ဆက်တွဲအနေနဲ့ကတော့
👎ငါ ဒီလောက်လုပ်ပေးနေတာကိုတောင် ငါ့ကို အသိအမှတ်မပြုဘူး။
👎ငါ ဒီလောက်လိမ္မာပေးနေတာကိုတောင် ငါ့ကို အသိအမှတ်မပြုဘူး။
👎ငါ ဒီလောက် ကောင်းပေးနေတာကိုတောင် ငါ့ကို အသိအမှတ်မပြုဘူး။
👎ငါ ဒီလောက် အနစ်နာခံပေးနေတာကိုတောင် ငါ့ကို အသိအမှတ်မပြုဘူး။
👎ငါ ဒီလောက် သည်းခံပေးနေတာကိုတောင် ငါ့ကိုအသိအမှတ်မပြုဘူး။
👎ငါ ဒီလောက် ကူညီပေးနေတာကိုတောင် ငါ့ကိုအသိအမှတ်မပြုဘူး။ယ
👎သူတို့ ငါ့ကိုမချစ်ကြဘူး။
👎သူတို့ ငါ့ကို အဖက်မလုပ်ကြဘူး။
👎သူတို့ ငါ့ကိုရှိမှန်းတောင် သဘောမထားကြဘူး။
YOU ARE READING
ကောင်မလေးတွေဖတ်ဖို့
Poetryကောင်မလေးတွေဖတ်ဖို့ဆိုပေမယ့် ကောင်လေးတွေလဲ ဖတ်ချင်ဖတ်လို့ရပါတယ်။ Wattpad မှာက ကောင်မလေးတွေများတော့ ကောင်မလေးတွေကို ရည်စူးလိုက်တာပါ။