ကောင်မလေးတွေသိရမယ့်အချက်

4.4K 676 39
                                        

Quora ကနေ ဖတ်မိလိုက်တဲ့ မိန်းကလေးတစ်ယောက် သင်ယူသင့်တဲ့ အရာငါးခု ကို ဘာသာပြန်ပေးထားတာပါ။ ဖတ်ကြည့်ပါ။

1.  တစ်သက်မှာ တစ်ကြိမ်ပဲ ဒီဘဝကိုရတာပါ။  ဒါကြောင့် ဒီ တန်ဖိုးရှိတဲ့ဘဝကို တခြားသူတွေကို ကျေနပ်အောင်  ဖြည့်ဆည်းပေးရင်းနဲ့ မကုန်ဆုံးစေပါနဲ့။ ကိုယ့်အတွက်လဲ ကိုယ် နေထိုင်ပေးပါ။

2.ပျော့ပျောင်းနူးညံ့ပါစေ။ မင်းကိုယ်မင်း အပေါ်ကိုရော။ တခြားသူတွေရဲ့ ခံစားချက်အပေါ်မှာရော ခံစား နားလည်ပေးပါ။ မင်း အနီးနားမှာရှိနေတဲ့သူတွေကို အပြစ်တင်တာတွေ ဆူပူတာတွေ ခြိမ်းခြာက် ထိန်းချုပ်တာတွေ မလုပ်မိပါစေနဲ့။ထို့အတူပဲ တခြားတစ်ယောက်အတွက်နဲ့လဲ မင်းကိုယ်မင်း စတေးလိုက်တာမျိုးလဲ မဖြစ်စေပါနဲ့။

3.အရှိကိုအရှိတိုင်းလက်ခံပေးပါ။ မာနမထားပါနဲ့။ ဒုက္ခရောက်နေတဲ့အခါ အကူအညီလိုရင် အကူအညီတောင်းပါ။ အသည်းကွဲတဲ့အခါ ကြိတ်ပြီး ခံစားမနေနဲ့ ငိုချင်ရင်ငိုလိုက်ပါ။ တစ်စုံတစ်ခုကို နားမလည်တဲ့အခုမျိုးမှာ ကာယံကံရှင်ကို တိုက်ရိုက်မေးပါ။ မောပန်းလာတဲ့အခါ အနားယူလိုက်ပါ။ ရိုးရိုးရှင်းရှင်းလေးပဲ ဖြတ်သန်းပေးပါ။

4.ပိုက်ဆံအကြောင်း သင်ယူပါ။ ပိုက်ဆံကို ဘယ်လိုစုရမလဲ။ ပိုက်ဆံကို ဘယ်လိုရှာရမလဲ။ ပိုက်ဆံကို ဘယ်လိုခိုင်းရမလဲ။ သင်ယူပါ။ ကိုယ့်အား ကိုယ်ကိုးနိုင်တဲ့ မိန်းကလေးတစ်ယောက်အတွက် လွတ်လပ်ခြင်းဟာ ထာဝရ တည်ရှိနေတဲ့အရာပါ။ ပြီတော့ ပိုက်ဆံက မင်းကို ပိုပြီး လှပစေတယ်။ မင်းရဲ့ အသက် မင်းရဲ့အားနည်းချက်တွေကို ဖာထေးပြုပြင်ပေးပါတယ်။

5.မင်း လုပ်နိုင်တယ်ဆိုတာ အမြဲ ယုံကြည်ထားပါ။ လက်ရှိမှာ ဘာဆို ဘာမှ သုညက မတက်သေးရင်တောင် မင်းကိုယ်မင်း လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကိုတော့ အမြဲ နှလုံးသားထဲ ထည့်ထားပ။


ကောင်မလေးတွေဖတ်ဖို့Donde viven las historias. Descúbrelo ahora