Exercise and Depression

5K 668 58
                                        

ဘယ်သူနဲ့မှ စကားမပြောချင်ပဲ
တစ်ယောက်တည်းပဲ သီးသန့်နေချင်စိတ် ဖြစ်နေပြီလား။

Social Media ( Facebook wattpad )
တို့ကို လူတွေထက် ပိုပြီး တွယ်တာနေမိပြီးလား။

ညဘက်တွေဆို ညနက် သန်းခေါင်ထိ အိပ်မရပဲဖြစ်နေလား။

ဒါဆိုရင်
သေချာပြီး…
မကြာခင် အချိန်အတွင်းမှာ Depression ဝင်လာလိမ့်မယ်။

တစ်ယောက်တည်း နေ နေရင်း
စိတ်တိုင်း မကျတာမျိုးတွေ။ စိတ်တိုတာတွေ ဖြစ်လာလိမ့်မယ်။

တဖြည်းဖြည်းနဲ့ အားငယ်လာလိမ့်မယ်။
ငါ တစ်ယောက်တည်းပါလားဆိုပြီး လောကကြီးကို စိတ်နာ လိမ့်မယ်။

ဒါဟာ Depression ရဲ့ အစပဲ။

ဒီနေရာမှာ Depression ကို တိုက်ထုတ်နိုင်တဲ့
နည်းတစ်ခုကို မျှဝေ ချင်တယ်။

Exercise can beat Depression တဲ့

လေ့ကျင့်ခန်း လုပ်လိုက်ခြင်းဟာ စိတ်ကျခြင်းကို
လျာ့နည်းသွားစေတယ်တဲ့

ဒါကြောင့် ကိုယ့်ကို ကိုယ် Depression ဝင်လာပြီလို့ သတိထားမိရင်

Gym သွားဆော့တာပဲ ဖြစ်ဖြစ်
ရေကူးသင်တာပဲဖြစ်ဖြစ်
အားကစားနည်းတစ်ခုခု သွားသင်တာပဲ ဖြစ်ဖြစ်
ပြုလုပ်သင့်တယ်။

Ren ဆို တိုက်ကွမ်ဒို ပြန်ဆော့နေတယ်။
တကယ်ပါ Depression ဝင်နေတာ ကြာခဲ့ပြီ။

တိုက်ကွမ်ဒို ပြန်ဆော့ပြီးနောက်ပိုင်း
အရင်ကထက်ပိုပြီး စိတ်ကြည်လာတယ်။
အပင်ပန်းလဲ ပိုခံ လာတယ်။
စာလဲ လုပ်ရ အဆင်ပြေလာတယ်။

အဓိက ကခန္ဓာကိုယ်ကို သွေးလေညီညွတ်အောင် လှုပ်ရှားပေးလိုက်ခြင်းပါပဲ။

ဒါကြောင့် စိတ်ညစ်တဲ့အချိန် စိတ်ကျတဲ့အချိန်ဆို လေ့ကျင့်ခန်း လုပ်ပေးပါ။

ထိရောက်တဲ့ အကျိုး ကျေးဇူး ရမှာပါလို့။


ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now