အမှန်တူအမှား

3.4K 527 21
                                        

ဒီနေ့အမှတ်မထင်
စာလေးတစ်ခု သွားဖတ်မိတယ်။

အမှန်တူ အမှားတဲ့။

ဘယ်လိုမျိုးလဲဆိုတော့ …
ကိုယ့်ဘက်ကြည့်ရင်လဲ လက်ဖဝါး မှန်တယ်။
သူ့ဘက်က ကြည့်ရင်လဲ လက်ဖမိုး သူလဲ မှန်တယ်။

အဲ့လို အမှန်တူ အမှား ။
နှစ်ယောက်လုံးဘက်က မှန်နေပေမယ့်လဲ မှားနေတယ်လို့ ထင်နေမိတဲ့ ကိစ္စမျိုးတွေ အများကြီး ကြုံတွေ့နေရတယ်။

အထူးသဖြင့် မိသားစုနဲ့ဖြစ်စေ။
သူငယ်ချင်း … ချစ်သူနဲ့ ဖြစ်စေ …

ဒီလို အဖြစ်အပျက်မျိုး ကြုံလာတဲ့အခါ…
သဘောထားတွေ ကွဲလွဲပြီး အဖုအထစ်တွေ ဖြစ်ကုန်ကြတယ်။

ဒီလို အမှန်တူ အမှား မျိုး ကြုံတွေ့လာရင်လဲ
တစ်ယောက်ယောက်က အလျော့ပေးမှ ပြေလည်နိုင်မှာ။

အဲ့လိုမဟုတ်ပဲ နှစ်ဘက်လုံးက တင်းနေမယ်ဆိုရင်
ပြတ်သွားနိုင်တယ်။

အချစ်တွေ လျော့နည်းသွားနိုင်တယ်။

ဒါကြောင့် မတော်တဆ များ အမှန်တူ အမှား နဲ့ တွေ့တဲ့အခါ…
သူ့ဘက်က မလျော့ပေးနိုင်ရင်တောင် ကိုယ့်ဘက်က လျော့ပေးဖို့ ကြိုးစားကြည့်ပါ။

တင်းလွန်းလို့ ပြတ်သွားတာထက်စာရင်
ကိုယ့်ဘက်က လျော့လိုက်လို့ ပြန်လည် ပြေလည်သွားတာ အေးချမ်းပါတယ် Girl…

ကောင်မလေးတွေဖတ်ဖို့Место, где живут истории. Откройте их для себя