တစ်ခါတစ်ခါ မင်းဟာ မင်းရဲ့ချစ်တဲ့သူတွေဆီက ချီးကျူးတာ ခံချင်လို့ ကျောင်းစာမှာပဲဖြစ်ဖြစ် အားကစားမှာပဲဖြစ်ဖြစ် အလုပ်မှာပဲဖြစ်ဖြစ် မင်းဟာ ကြိုးစားတယ်။ ကြိုးစားတဲ့အတိုင်းလဲ မင်းဟာအောင်မြင်မှုတွေရခဲ့တယ် ။
အဲ့လိုအောင်မြင်မှုတွေရခဲ့ကြောင်းကို မင်းရဲ့ချစ်တဲ့သူတွေကိုပြောမယ်။ ပြီရင် သူတို့ဆီက "အို တော်လိုက်တာ … " ဆိုတဲ့ ပွေ့ဖက်ခြင်း နဲ့ ချီးကျူးစရာတွေ ကို မင်း ကြားမယ်။ ပြီးတော့ မင်းဟာ ကျေနပ်မယ်။
ဒါပေမယ့် လက်တွေ့မှာ တစ်ခါတစ်ရံ မင်းထင်သလိုမဖြစ်တာတွေရှိလာမယ်။ အပေါ်ကနဲ့ဆန့်ကျင်ဘက်ပေါ့။ မင်း အောင်မြင်မှုကိုတွေ့ရပေမယ့် မင်းထင်တဲ့အတိုင်း ချီးကျူးစကားမကြားရပဲ ဖာသိဖာသာ နေကြလိမ့်မယ်။ ဒါမှမဟုတ်လဲ ဝတ်ကြေးတန်ကြေးလောက်သာ မင်းကို ပြောဆိုလိမ့်မယ်။ အဲ့ခါကျရင် မင်း ခံစားရလိမ့်မယ်။ ငါက သူတို့အတွက် အောင်မြင်ခြင်းတွေယူဆောင်လာပေမယ့် သူတို့ ကဘာကြောင့် ချီးကျူးတာလေးကိုတောင် မလုပ်ပေးနိုင်ရတာလဲ။ စိတ်ဆင်းရဲစရာအတွေးတွေ အများကြီး ဖြစ်လာလိမ့်မယ်။ အောင်မြင်တဲ့အချိန်မှာ ပျော်ရမယ့်အစားစိတ်ညစ်ရလိမ့်မယ်။
အဲ့လိုတွေမဖြစ်အောင် …
နံပါတ်တစ်…
မင်း ကြိုးစားတယ် အောင်မြင်တယ်ဆိုရင် ပထမဆုံး ကောင်းကျိုး ခံစားရမှာက မင်းပါ။ အဲ့တာကြောင့် တခြားသူတွေဆီက ချီးကျူးမယ့်အချိန်ကို စောင့်မယ့်အစား ကိုယ့်ကိုကိုယ် အရင် ချီးကျူးပါ။ အားရကျေနပ်တဲ့အထိ ချီးကျူးပါ။နံပါတ်နှစ် …
အောင်မြင်ခြင်းကိုမျှဝေတဲ့အခါမှာ အခြေအနေကို ကြည့်တတ်ရပါ့မယ်။ ကိုယ် မျှဝေတဲ့သူရဲ့ လက်ရှိ အခြေအနေ ဟာ ဘယ်လိုလဲဆိုတာ အကဲခတ်ပြီးမှ မျှဝေပါ။ သူဟာ လက်ရှိမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ မင်းရဲအောင်မြင်မှုကို ချီးကျူးနိုင်မှာမဟုတ်ပါဘူး။ မင်းအနေနဲ့လဲကိုယ်ရည်သွေးရာ ရောက်ပါတယ်။နံပါတ်သုံး…
ကိုယ့်ကိုယ် ကို ပြုစုပါ။ အောင်မြင်မှုတစ်ခုရအောင် ကြိုးစားခဲ့ရတဲ့အတွက် ပင်ပန်းသွားပါပြီ။ ဆိုင်ကောင်းကောင်းကိုသွားပြီး ကိုယ့်ကို ကိုယ် ပြုစုပါ။ ကိုယ် ကြိုက်တတ်တဲ့မုန့်တွေကို ပတ်စားပါ။ ကိုယ်ကြိုက်တတ်တဲ့အရာတွေကိုဝယ်ယူပြီး ကိုယ့်ကိုကိုယ် လက်ဆောင်ပေးပါ။တခြားသူက ချီးကျုးမယ့်အချိန်…
တခြားသူက လက်ဆောင်ပေးမယ့်အချိန်ကို မစောင့်ပါနဲ့။Be the first !!

VOCÊ ESTÁ LENDO
ကောင်မလေးတွေဖတ်ဖို့
Poesiaကောင်မလေးတွေဖတ်ဖို့ဆိုပေမယ့် ကောင်လေးတွေလဲ ဖတ်ချင်ဖတ်လို့ရပါတယ်။ Wattpad မှာက ကောင်မလေးတွေများတော့ ကောင်မလေးတွေကို ရည်စူးလိုက်တာပါ။