ဟုတ်ပါတယ်။
ပုံထဲကစာအတိုင်းပဲ မနက်ဖြန်မှ စိတ်ညစ်ပါ။ ဒီနေ့ကိုတော့ ပျော်အောင်နေလိုက်ပါ။
သူငယ်ချင်းနဲ့ နားလည်မှုလွဲပြီး ရန်ဖြစ်နေတာလား။
မနက်ဖြန်မှ ဖြစ်ပါ။ ဒီနေ့ကိုတော့ သူ့ကိုချော့ပြီး နှစ်ယောက်လုံး ပြေလည်အောင်လုပ်လိုက်ပါ။
ချစ်သူနဲ့ စကားများပြီး ပြတ်စဲဖို့ စဉ်းစားနေတာလား။ မနက်ဖြန်မှ စဉ်းစားပြီး ဒီနေ့ နှစ်ယောက်သားချစ်ချစ်ခင်ခင်နေလိုက်ပါ။
မိသားစုနဲ့ သဘောထားမတိုက်ဆိုင်လို့ စကားမပြောပဲ နေနေတာလား။ မနက်ဖြန်မှ စကားမပြောပဲ နေပါ။ ဒီနေ့တော့ အလျော့ပေးပြီး စကားပြောလိုက်ပါ။
အလုပ်တွေ တအားများနေပြီ ဖိအားတွေကြောင့် သတ်သေချင်နေတာလား။ မနက်ဖြန်မှ သတ်သေပါ။ ဒီနေ့တော့ မြူးကြွ လန်းဆန်းတဲ့သီးချင်းလေးနားထောင် ကော်ဖီလေးသောက်ပြီး အေးအေးလူလူနေလိုက်ပါ။
စိတ်ညစ်နေလား။ မနက်ဖြန်ကို ရွေ့လိုက်ပါ။ မနက်ဖြန်မှ စိတ်ညစ်ပါ။ ဒီနေ့ကိုတော့ ပျော်အောင်နေလိုက်ပါ။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေ အားလုံး နေ့တိုင်းတွေ့နေရတာက ဒီနေ့ဖြစ်နေလို့ပါပဲ။ မနက်ဖြန်ဆိုတာ မသေချာတဲ့အရာပါ။ ဒီနေ့ ဒီကိစအတွက် စိုးရိမ်နေမှုဟာ..မနက်ဖြန်ဆိုတဲ့အရာဆီ ရောက်သွားတဲ့အခါ ဒီစိုးရိမ်မှုရှိချင်မှရှိတော့မှာပါ။ ဒီနေ့အဆင်မပြေမှုဟာ..မနက်ဖြန်ရောက်တဲ့အခါ ...အဆင်ပြေချင်ပြေသွားနိုင်ပါတယ်။
ဒါကြောင့် ဟို သီးချင်းလို...
ဒီနေ့ ဒီတစ်ရက်တည်းပဲ..ခံစားရသမျှ ငိုမယ် ဆိုပြီး မလုပ်ပဲနဲ့.. ဒီနေ့ ဒီတစ်ရက်တည်းပဲ ...အားရပါးရ ပျော်ပစ်မယ် ဆိုပြီး ပြောင်းလဲလိုက်ပါ။
ဒီနေ့ကို ပျော်အောင်နေရင် နေ့တိုင်း ပျော်ရွှုင်တဲ့နေ့ကို ပိုင်ဆိုင်လာမှာပါ။ Happy Saturday !
К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
ВЫ ЧИТАЕТЕ
ကောင်မလေးတွေဖတ်ဖို့
Поэзияကောင်မလေးတွေဖတ်ဖို့ဆိုပေမယ့် ကောင်လေးတွေလဲ ဖတ်ချင်ဖတ်လို့ရပါတယ်။ Wattpad မှာက ကောင်မလေးတွေများတော့ ကောင်မလေးတွေကို ရည်စူးလိုက်တာပါ။
