မောနင်း ညီမလေး။
မနက် မိုးလင်းလာလို့ရှိရင် တစ်နေ့တာ ဘာလုပ်လို့ လုပ်ရမလဲမသိပဲ အိပ်ရာကထလာတဲ့သူတွေရှိတယ်။
ပြီတော့ တစ်နေ့ကုန်သွားပြီ ဘာဆို ဘာမှ အကျိုး ရှိအောင်မလုပ်ဖြစ်ပဲ ကုန်သွားတဲ့သူတွေများတယ်။
အဲ့လူတွေ ထဲညီမလေး ပါနေလို့ မဖြစ်ဘူး။
လူဆိုတာက ကျောက်ရုပ်မှ မဟုတ်ပဲ ညီမလေးရယ်။
တစ်နေ့တာ ကုန်ဆုံးသွားရင် ကိုယ့်အတွက် ဒါမှမဟုတ် အများအတွက် အကျိုး ရှိတာလေးတွေ လုပ်ကိုလုပ်ဖြစ်ရမယ်။
ဒါမှလဲ ကိုယ့်ကိုကိုယ် လူရာဝင်တယ်လို့ ခံစားမိပြီး ဘဝမှာနေပျော်လာမှာ။
မဟုတ်လို့ရှိရင် …
ဘာအတွက် ငါ နိးထလာတာလဲ ဆိုပြီး စိတ်အားငယ်မှုတွေနဲ့ လူ့ဘဝကိုနိုးထလာမိလိမ့်မယ်။ ပြီတော့ ရှင်သန်ရတာကို အဓိပ္ပါယ်မရှိသလို ခံစားလာရလိမ့်မယ်။
အဲ့ဒါကြောင့် မနက် မိုးလင်းလို့ မျက်လုံးပွင့်ပြီးဆိုတာနဲ့… ဒီတစ်နေ့တာကို ငါ့အတွက် အများအတွက် တန်ဖိုးရှိတာ အကျိုး ရှိတာ တစ်ခုခု လုပ်မယ်လို့ ဆုံးဖြတ်ပြီး အိပ်ရာထ။
နေ့ရက်တိုင်းဟာ စိတ်ထားတတ်ရင် အသစ်ပါပဲ
Happy day … New day ပါနော်။
မနေ့က ဘာပဲဖြစ်ဖြစ် မေ့ထားလိုက် လျစ်လျူ ရှုလိုက်တော့ ညီမလေး။
ဒီနေ့က နေ့သစ်။
နေ့သစ်မှာ ပျော်ပျော် ရွှင် ရွှင်နိးထပြီး…ဘဝထဲမှာ ရှင်သနိလိုက်ပါ ညီမလေး။
ချစ်တယ်ညီမလေး…
ကိုယ့်ကိုယ်ကိုချစ်ပေးဖို့လဲ မေ့မနေနဲ့နော်။
မောနင်းပါ ညီမလေးရယ်…
နေ့ရက်အသစ်ကို ပညာသားပါပါ ဖန်တီးနိုင်ပါစေ။
ESTÁS LEYENDO
ကောင်မလေးတွေဖတ်ဖို့
Poesíaကောင်မလေးတွေဖတ်ဖို့ဆိုပေမယ့် ကောင်လေးတွေလဲ ဖတ်ချင်ဖတ်လို့ရပါတယ်။ Wattpad မှာက ကောင်မလေးတွေများတော့ ကောင်မလေးတွေကို ရည်စူးလိုက်တာပါ။
