အသည်းကွဲတာလား

3.4K 572 77
                                        

အသည်းကွဲတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးဦးမယ်။
လူတိုင်း ယောကျာ်းလေးရော မိန်းကလေးပါမကျန် အသည်းကတော့ တစ်ကြိမ်တော့ ကွဲဖူးကြမှာပဲ။

ဒီနေရာမှာမိန်းကလေးတွေရဲ့ အသည်းကွဲပုံကွဲနည်းပြောကြမယ်။

အဲ့ ကွဲတဲ့တစ်ခဏမှာ ကိုယ့်ဘက်က  ချစ်ရင် ချစ်သလို ရူးသွပ်သွားနိုင်တော့မယ်လို့ ထင်ရတဲ့အထိ ခံစားရလိမ့်မယ်။

မျက်ရည်နဲ့ မျက်ခွက်ဖြစ်ပြီး လောကကြီးကို အထီးကျန်တဲ့ အကြည့်နဲ့ ကြည့်လိမ့်မယ်။

ပြီးရင် အခန်းအောင်းမယ်။
လုပ်ချင်တာတွေ ဇွတ်လုပ်မယ်။
မိသားစုကိုလဲ စိတ်မရှည် သူငယ်ချင်းကိုလဲ သဘောမကျ နောက်ဆုံး မိမိကိုယ် ကိုယ်ပါ ဒေါသတွေထွက်လာလိမ့်မယ်။

အဲ့တော့ အခြေအနေက ပိုဆိုးရော။
အားနေရင် အဲ့ ကိုယ့်အသည်းကို ခွဲသွားတဲ့သူကိုပဲ တောင့်တလိုက် စိတ်တိုလိုက် ဖြစ်နေလိမ့်မယ်။

ဟူး နားလိုက်စမ်းပါကွာ။

အဲ့ဒီအသည်းကွဲနည်းက ရှေးခေတ်က အသည်းကွဲတဲ့နည်း။
ရှေ့တုန်းကလို ပုံတုံး အသည်းကွဲနည်းနဲ့ မကွဲနဲ့တော့။

အသည်းကွဲပြီမှတ်လား။
ချစ်တဲ့သူေိဖာက်ပြန်တာတို့ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ရတာတို့ ဖြစ်နေပြီ မှတ်လား။

ဟုတ်ပြီ…
ခေတ်သစ် အသည်းကွဲနည်းနဲ့ကွဲမယ်။
အိမ်တွင်းမအောင်းမိစေနဲ့။
ရ ရာ သူငယ်ချင်းကို ဖုန်းဆက်ပြီး အပြင်တွေထွက် ။
အစားတွေပတ်စား။ အရင်ကထက် တက်တက်ကြွကြွနေ။

အရင်က ဖေဖေ မေမေ တို့ကို အချိန်မပေးမိတာတွေအတွက် ခုချိန်မှာ သူတို့ကို အချိန်ပြန်ပေး။ သူတို့နဲ့ အတူတူ အပြင်ထွက်တာ TV တူတူကြည့်တာပဲဖြစ်ဖြစ် လုပ်။

သူငယ်ချင်းတွေ ချိန်းမ ရဘူးဆိုရင်
စာအုပ်ဆိုင်တွေ ပတ်သွား။
စာအုပ်လေးတွေနဲ့ ချစ်သူ လုပ်။

သီးချင်းမြူး မြူးတွေ နားထောင်။
လူငယ်ဆိုတာ အလွမ်းအဆွေးတွေ နားမထောင်ရဘူး။ ကိုယ့်ရဲ့ စိတ်ကို တက်ကြွစေတဲ့ သီးချင်းမြူး မြူး တွေပဲနားထောင်ရတယ်။

Gym သွားဆော့။ အဆီပိုတွေ လျော့နည်းသွားအောင်လုပ်ပစ်။
လှလှပပနေ။

သင်တန်းတက်။
မတက်ချင်ရင် Youtube မှာ အက သင်တန်းတွေ Free ရနေတယ်။လိုက် ကကြည့်။

အပျင်းပြေ စာရေး။
ရေးတဲ့အခါအဆွေးတွေသွားမရေးနဲ့။
ဟာသစာလေးတွေရေး။

Youtube ကနေ Make up ပြင်နည်းတွေ လေ့လာလေ့ကျင့်။

ကြည့်ပါဦးလုပ်စရာတွေမှ အများကြီးကို
ဘာလို့အခန်းအောင်းပြီးငိုနေတာလဲကွာ။

အဲ့ကောင်က ကိုယ်နဲ့ မထိုက်လို့ ကိုယ်နဲ့ဝေးသွားပြီးပဲ။

ပြန်လာဖို့ ဆွဲမခေါ်ပါနဲ့။
ဆွဲခေါ်ရင် ပိုပြီး ရုန်းကန်တတ်တယ်။
လိုက်ရင် ပိုပြီးပြေးတတ်တယ်။

သူ့ဘက်က လမ်းခွဲမယ်ပြောရင်
သေချာလား မေး ။ အိုကေ သေချာရင်တော့
ကိုယ့် အစီအစဉ်နဲ့ကိုယ်ပျော်အောင်နေ။

သူတောင် ကိုယ့်ဘက်မငဲ့ပဲ လမ်းခွဲတာပဲ။
ကိုယ်က သူ့အတွက် ထပ်ငို ဦးမလို့လား။

21 ရာစုရောက်နေပါပြီကွာ။

ကိုယ်တွေမိန်းကလေးတွေ အသည်းကွဲရုံနဲ့ မပျော်နိုင်တဲ့ ခေတ်မဟုတ်တော့ဘူး။

ကိုယ်တို့တွေ အသည်းကွဲလဲ ပျော်နိုင်တယ်။

ဟုတ်ပြီလား။

အသည်းကွဲလဲ ပျော်ရမယ်။

From မမRen ( နှစ်တစ်ထောင် FA ဂိုဏ်းချုပ်၏အကြံပေးအသည်းကွဲနည်း)XD

ကောင်မလေးတွေဖတ်ဖို့Donde viven las historias. Descúbrelo ahora