ဒီနေ့ မထင်မှတ်ပဲ Website တွေ မွှေရင်းနဲ့
တွေးစရာတစ်ခု ရလာတယ်။What is True Education? တဲ့
စစ်မှန်တဲ့ ပညာရေးဆိုတာဘာလဲတဲ့။အဲ့မှာ ပြန်ဖြေထားတာ ရိုးရိုးလေးပဲ။
ဒါပေမယ့် ထိသွားတယ်။Education is the understanding of you and your surroundings and anything that affect you and your surrounding တဲ့
ပညာရေးဆိုတာ ပထမ အနေနဲ့ မင်းကိုယ်မင်း နားလည်ဖို့။
ဒုတိယအနေနဲ့ မင်းရဲ့ ပတ်ဝန်းကျင်ကို နားလည်ဖို့။
တတိယအနေနဲ့ မင်းနဲ့ မင်းရဲ့ ပတ်ဝန်းကျင်ကို ကောင်းကျိုး ဆိုးကျိုး သက်ရောက်စေတဲ့ အရာတွေကို နားလည်ဖို့တဲ့။
တကယ်တော့ ပထမ တစ်ချက်ကိုသာ
အောင်မြင်အောင် လုပ်နိုင်ရင် ကျန်နှစ်ချက်က အလိုက်သင့် ပါလာမှာပါ။ကိုယ်တို့တွေ ရင်ဆိုင်နေရတဲ့ ပြသာနာက
ကိုယ့်ကိုကိုယ် နားမလည်ခြင်းပဲ။ကိုယ် ဘာဖြစ်ချင်တာလဲ။
ကိုယ် ဘာကြိုက်တာလဲ။
ကိုယ့် ဝါသနာကဘာလဲ။
ကိုယ့်အားသာချက်က ဘာလဲ။
ကိုယ်က ဘယ်လိုလူလဲ။အစ အစရှိသဖြင့် ကိုယ့်ကို ကိုယ် သေချာ နားမလည်ဘူး။
ဘုရားဟောထားသလိုပဲ …
မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။ကိုယ့်အတွက် ကိုယ်ပဲ အမြဲရှိနိုင်တာမို့
ကိုယ့်ကိုယ် ကို နားလည်အောင် အရင်ကြိုးစားရမယ်။
ကိုယ့်ကိုယ် ကိုယ် နဲ့ တည့်အောင်နေရမယ်။ဒါသည်ပင် စစ်မှန်တဲ့ ပညာရေးတဲ့။
ခင်ဗျားတို့တော့ မသိဘူး။
Ren တော့ သဘောကျတယ်။
ကိုယ့်ကိုယ်ကို နားလည်တဲ့သူဟာ…
သူများကိုလဲ နားလည်ပေးနိုင်တယ်။ကိုယ့်ကို ကိုယ် နားမလည်တဲ့သူဟာ
တခြားသူကိုလဲ နားမလည်နိုင်ဘူး။ကိုယ့်ကို ကို ချစ်တဲ့ သူဟာ တခြားသူကိုလဲ ချစ်ခြင်းတရားတွေ ပေးနိုင်တယ်။
ကိုယ့်ကို ကိုယ် မုန်းနေတဲ့သူက တခြားသူကို
ချစ်ခြင်းမေတ္တာတွေ မပေးနိုင်ဘူး။ဒါကြောင့် ဘာဆို ဘာမှ မလုပ်ခင်…
ကိုယ့်ကို ကိုယ် နားလည်ခြင်း အနုပညာကို
အရင် သင်ယူရမယ်လို့ နားလည်မိတယ်။ခင်ဗျားတို့ရော ကိုယ့်ကိုကိုယ် နားလည်နေပြီလား။
Ren ကတော့ ကိုယ့်ကို ကိုယ်နဲ့ ရန် ခဏခဏ ဖြစ်တုန်းပဲ။
တစ်ယောက်တည်းနေပြီး မတည့်ဖြစ်နေတာလေ။
တစ်ယောက်တည်းနေပြီး ရန်ဖြစ်နေတာ XD

VOUS LISEZ
ကောင်မလေးတွေဖတ်ဖို့
Poésieကောင်မလေးတွေဖတ်ဖို့ဆိုပေမယ့် ကောင်လေးတွေလဲ ဖတ်ချင်ဖတ်လို့ရပါတယ်။ Wattpad မှာက ကောင်မလေးတွေများတော့ ကောင်မလေးတွေကို ရည်စူးလိုက်တာပါ။