မင်းနဲ့အိပ်မက်

3.1K 509 26
                                        

တစ်စုံတစ်ယောက်ကို မင်း အိပ်မက်တွေ ပြောပြတဲ့အခါ မင်း လုပ်နိုင်မှာမဟုတ်ပါဘူးဆိုတဲ့ သူတို့ရဲ့စကားနဲ့ မင်းအိပ်မက်ကို မသတ်ပစ်ပါနဲ့။

မင်းမှာအိပ်မက်ရှိတယ်။ အဲ့အိပ်မက်ကို ကာကွယ်ရမယ်။  တခြားသူတွေရဲ့ စကားလုံးကြောင့် မင်းအိပ်မက်ကို မြေမြှပ်မပစ်ပါနဲ့။

လူတွေက သူတို့ မလုပ်နိုင်တဲ့အခါ မင်းလဲ လုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောတတ်ကြတယ်။ သူတို့ကိုမယုံပါနဲ့။  မင်း လုပ်နိုင်သွားရင် သူတို့ အရှက်ရမှာမို့လို့ မင်းကို လက်လျော့အောင်ပြောတာပါ။

မင်း လုပ်စရာရှိတာသာလုပ်ပါ။ မင်းအိပ်မက်အတွက် မင်းကိုယ်တိုင် အကောင်အထည်ဖော်ပါ။ ကြိုးစားမှုနဲ့အချိန်က မင်းအိပ်မက်ကို ပုံဖော်ပေးသွားပါလိမ့်မယ်။

တစ်ယောက်တည်း သွားရတဲ့ ခရီးဟာ ကြမ်းတမ်းမယ် ။ ပင်ပန်းမယ်။ ဖိအားများမယ်။ ဒါပေမယ့် ခရီးအဆုံးကို ရောက်ရင် ဘယ်သူမှ မရဖူးတဲ့ ကျေနပ်မှု ပျော်ရွှင်မှု ယုံကြည်မှု နဲ့ အောင်မြင်ခြင်းတွေက လက်ကမ်းကြိုနေပါလိမ့်မယ်။

မင်းရဲ့အိပ်မက်အပေါ် သစ္စာရှိပါ။
ဘယ်တော့မှ အိပ်မက်ကို မေ့မပစ်ပါနဲ့။

ကောင်မလေးတွေဖတ်ဖို့Место, где живут истории. Откройте их для себя