လူတွေ လိုအပ်မှ မင်းကို သတိရတာနဲ့
ပတ်သတ်ပြီး ဆိုးဆိုးရွားရွား မခံစားပါနဲ့။
ဒေါသလဲမထွက်ပါနဲ့။မင်းကိုယ်မင်း ဖယောင်းတိုင် တစ်တိုင်လို့ သတ်မှတ်လိုက်ပါ။
လူတွေ အမှောင်ထဲ ရောက်နေချိန်မှာ မင်းဟာ ဖယောင်းတိုင်လို
အလင်းရောင်ပေးနိုင်လို့ မင်းကို သတိရကြတယ်လို့ ပြောင်းတွေးလိုက်ပါ။အတွေးလေးတစ်ခုပါပဲ။
တစ်ခုက မင်းကို ပူလောင်စေတယ်။
တစ်ခုက မင်းကို အေးချမ်းစေတယ်။မင်းရဲ့ ရွေးချယ်မှုပါပဲ။
![](https://img.wattpad.com/cover/153911082-288-k596314.jpg)
YOU ARE READING
ကောင်မလေးတွေဖတ်ဖို့
Poetryကောင်မလေးတွေဖတ်ဖို့ဆိုပေမယ့် ကောင်လေးတွေလဲ ဖတ်ချင်ဖတ်လို့ရပါတယ်။ Wattpad မှာက ကောင်မလေးတွေများတော့ ကောင်မလေးတွေကို ရည်စူးလိုက်တာပါ။