Choosing A Mountain

2.6K 440 23
                                    

Choosing a Mountain
တောင်ကိုရွေးချယ်ခြင်း။

ကျွန်တော်တို့တွေအားလုံး တောင် တစ်တောင်ကို တက်မယ်ဆိုပါတော့။ တောင်ထိပ်ဆီကို ရအောင်တက်မယ်။

ဒီနေရာမှာ ဦးစွာ ပထမ ဘယ်တောင်ကို တက်မှာလဲဆိုတာ အရင်ရွေးချယ်ဆုံးဖြတ်ရမယ်။
ဘယ်တောင်ထိပ်ကို တက်ချင်မှန်းမသိရင် ဘယ်တောင်ကိုမှ တက်ဖြစ်မှာမဟုတ်ဘူး။

တောင်ကို ရွေးချယ်ပြီဆိုပါတော့…
ကိုယ်တိုင်က တောင်တက်သမားမဟုတ်သလို…
တောင်တက်ဖူးတဲ့အတွေ့အကြုံလဲ မရှိဘူး။
အဲ့တာကို ခါကာဘိုရာဇီတို့လို တောငိအကြီးအမြင့်စားတွေကို တက်မယ်လို့ ရွေးချယ်မယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။
မဖြစ်နိုင်တဲ့အရာကို ရွေးချယ်မိပြီး စိတ်သောက ရောက်နေရင် ရူးနေလို့ပဲ။

ကဲ ထားပါလေ ခါကာဘိုရာဇီ တောင်ကိုပဲတက်ချင်တာဆိုရင်…
တက်ပါ။ တက်လို့ရပါတယ်။
တစ်ခုပဲ ကိုယ့်မှာခါကာဘိုရာဇီဆိုတဲ့ တောင်ကို တက်နိုင်တဲ့ အရည်အချင်းနဲ့ အတွေ့အကြုံ အရင် ပြည့်ဝအောင်လုပ်ပါ။
အဲ့လို ပြည့်ဝအောင်လုပ်တဲ့အခါမှာ… တောင်သေးသေးလေးတွေကို အရင်စမ်းတက်ကြည့်ချင်တာ အကောင်းဆုံးပါပဲ။
တောင်တက်တဲ့နေရာမှာ အတွေ့အကြုံ က အများကြီး စကားပြောပါတယ်။ အတွေ့အကြုံ များလာရင် တောင်ကြီးဖဝါးအောက်ပါပဲ။

ဒါက တောင်တက်ခြင်းပါ။

ကျွန်တော်တို့ လက်တွေ့ဘဝမှာလဲ
တောင်တက်ခြင်းနိယာမနဲ့ သွားရမှာပဲ။
အရင်ဆုံး တက်ချင်တဲ့တောင်ကို ရွေးချယ်ရမယ်
တာင်အရမ်းကြီးနေရင် တိုက်ရိုက်မတက်နဲ့
အတွေ့အကြုံ တွေ အရည်အချင်းတွေကို အရင်စုပါ။
မနိုင်ဝန် ကို အရင်စထမ်းရင် သောကရဲ့ ကျေးကျွန်ဖြစ်ပြီး တောင်ပေါ်က ပြုတ်ကျရမှာပါ။ဒါကြောင့် အကြီးကြီးတွေ အိပ် မက် မက်ပါ။ သေးသေးလေးက စလုပ်ပါ။
စိတ်ရှည်ဖို့လိုအပ်ပါတယ်။ဇွဲရှိဖို့လဲ လိုအပ်ပါတယ်။ စိတ်အေးအေးထားပါ။ ဖြေးဖြေးချငိးသွားပါ။

တောင်ဆိုတာမျိုးက မြန်မြန်တက်လို့ မရသလို… အိပ်မက်ဆိုတာလဲ ချက်ချင်းအကောင်အထည်ဖော်လို့ ရတဲ့ အရာမဟုတ်ပါဘူး။  ။







AN : တောင်တက်တဲ့စာအုပ်ဖတ်ပြီး ကိုယ့်ဘဝကို ပြန်မြင်ယောင်လာလို့ ဒါလေး ရေးဖြစ်သွားတယ်.။
စိတ်ကျနေရခြင်းတွေထဲက တစ်ခုက စိတ်မရှည်ခြင်းဖြစ်ကြောင်း Ren သိလိုက်ရတယ်
ဒါကြောင့် မျှဝေပေးလိုက်ပါတယ်။


ကောင်မလေးတွေဖတ်ဖို့Onde histórias criam vida. Descubra agora