Unicode
ဓားတို၏အေးစက်စက်အထိအတွေ့ကြောင့် ချန်းနိုအရိုးထဲနေ စိမ့်သွားပြီး အကြိမ်အနည်းငယ်ခန့် တုန်ရင်သွားမိသည်။ သို့သော် သူကလက်လျှော့ဖို့ငြင်းဆန်လိုက်ပြီး ပိုင်ရွဲ့အားပို၍တင်းကြပ်စွာကိုင်၍ သူ့အိမ်ထိတွဲပို့ပေးသည်။ ထိုအချိန်ထိ ဓားတိုကသူ့လည်ပင်ထဲကို ဖောက်ဝင်မလာခဲ့။ ချန်းနိုကတစ်စုံတရာကို သဘောပေါက်သကဲ့သို့ ပြုံးသည်။ ယခုချိန်တွင်သူတို့နှစ်ယောက်ကအလွန်နီးကပ်နေသည်ဖြစ်လေရာ ပိုင်းရွဲ့ကသူ့ကိုနှလုံးသားမဲ့စွာဖြင့် ဓားနှင့်ထိုးစိုက်လိုက်၍ရချေ၏။
ပိုင်ရွဲ့၏အသန့်ကြိုက်မှုလယ်ဗယ်အရ တစုံတစ်ယောက်၏သွေးတွေ သူ့ကိုယ်ပေါ်ကိုစွန်းထင်းသွားမည်ကို သည်းခံနိုင်လိမ့်မည်မဟုတ်လောက်။ သူ့အသက်ရှုနှုန်းက အနည်းငယ်နှေးနေပြီး၊ လေးလံနေလှသည့်မျက်ခွံတွေအား ကြိုးစားအံတုနေရရှာ၏။
ထိုမြင်ကွင်းကြောင့်ချန်းနိုက အလွန်တရာပူဆွေးသွားသည်။ သူက ပိုင်ရွဲ့ကိုဂရုတစိုက်ဖြင့် အိပ်ရာပေါ်ချသို့ပေးသည်။ ထိုကလေး၏လက်ထဲက ဓားကိုယူ၍ဘေးနားတွင်တင်ထားရန် ချန်းနိုကြံစည်လိုက်သော်လည်း ထိုကလေးကသတိရတချက်၊မရတချက်ဖြစ်နေသည့်အခြေအနေတွင်ပင် သူ့ဓားကိုလုံးဝမျှမလွှတ်။ ထို့ကြောင့်အဆုံးတွင်တော့ သူလက်လျှော့လိုက်ရသည်။
ချောင်ထို့ကလိုအပ်သည့်ဆေးတွေကိုယူရန် အပြေးအလွှားထွက်သွားသည်။ ချန်ချွန်းနှင့်ကျင်းယွီကိုတော့ ရေနွေးတည်ခိုင်းစေလိုက်သည်။ ချန်းနိုကတော့သွေးတွေဖြင့်ရွဲနစ်နေသော ပိုင်ရွဲ့၏အပေါ်ဝတ်ရုံအပြင် လေသင်တုန်းဓားတွေကြောင့် ပျက်စီးသွားသည့်ပိုင်ရွဲ့၏ ဖိနပ်တွေကိုလည်း သေသေချာချာချွတ်ပေးသည်။
ပိုင်ရွဲ့က ကလေးတစ်ယောက်သာဖြစ်သေး၍ သူ့ခန္ဓာကိုယ်က သိပ်ပြီးမဖွံ့ဖြိုးသေးလှ။ သူ့ရင်ဘက်လေးကအလွန်ပိန်ပါးနေပြီး ပွင့်ထွက်နေသည့်ဓားဒဏ်ရာကနေ ယခုချိန်ထိသွေးတွေစီးကျနေဆဲ။ ခြေထောက်တွေကဓားပြတ်ရာတွေသည် သိပ်ပြီးမနက်ရှိုင်းလှသော်လည်း ရှည်လျားသည့်ထိုခြစ်ရာတွေမှ သွေးတွေထွက်နေသည့်မြင်ကွင်းကပင် လူတွေအားထိတ်လန့်သွားစေရန် လုံလောက်နေချေပြီ။
YOU ARE READING
တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့
FantasyOriginal Author - Sha Xiao Wan Eng translator - Reika Complete chapter - 131 This is my first translation.