Unicode
နှစ်နှစ်အတွင်းတွင် ချန်းနိုငွေအနည်းငယ်စုဆောင်းမိထားပြီး၊ လျှိုကွမ်းအားအိမ်ပြန်လက်ဆောင် ပေးချင်မိသည်။ တုရွယ်လင်မှ အဆင့်၃တပည့်များက တစ်လတွင် နှစ်ရက်နားရက်ရသည်။ ထို့ကြောင့် နားရက်သို့ရောက်သည့်အခါတွင် မနက်စောစောထ,၍ သာမန်အရပ်သားဝတ်စုံကိုလဲဝတ်လိုက်ပြီး၊ နွားခေါင်းမှော်သားရဲကိုငှားလိုက်ကာ တောင်အောက်သို့ဆင်းလာခဲ့သည်။
လျောက်ကျီမြို့တော်တွင် နာမည်ကြီးစျေးဆိုင်ကြီး သုံးခုရှိသည်။ ထိုဆိုင်တွေတွင် လက်နက်၊အဂ္ဂိရတ်ပစ္စည်းများ၊ ဆေးလုံးများ၊ မှော်ပစ္စည်းများ၊ စွမ်းအင်ကျောက်တုံးများ စသည့်ကျင့်ကြံသူတို့ လိုအပ်သည့်အရာတော်တော်များရှိသည်။ အရောင်းရဆုံးပစ္စည်းများမှာ တိုက်ခိုက်ရေး၊ ခုခံရေးနှင့် အားဖြည့်ပစ္စည်းများဖြစ်ကြသည်။ ချင်းဟွာဂိုဏ်းတွင်အဂ္ဂိရတ်ပညာကို လေ့လာနေသည့်တပည့်သားရှိသဖြင့်၊ လျှိုကွမ်းနှင့်တခြားအဆင့်၁တပည့်သားများတွင် ထိုသို့သောပစ္စည်းများမရှားပေ။ သို့သော်လည်း ကျင့်ကြံသူများအဓိကလိုအပ်သည့် ပစ္စည်းများကိုပေးချင်နေသေးသည်။
နွားခေါင်းမှော်သားရဲက အလွန်ယဥ်ပါးပြီး၊လမ်းလျှောက်ပုံက တည်ငြိမ်နှေးကွေးသည်။ သို့သော် ထိုသားရဲကသူ့ကိုစျေးသို့ ရောက်အောင် ပို့နိုင်ခြင်းကြောင့် အလွန်ကျေနပ်နေသေးသည်။ မှော်ဝင်သားရဲများကိုစျေးထဲသို့ ဝင်ခွင့်မပြုထားချေ။ သို့ဖြစ်၍ စွမ်းအင်ပြားငါးပြားကိုထုတ်ပေးလိုက်ပြီးနောက် သူ့သားရဲကိုစျေးဝ,တွင်အပ်လိုက်ပြီး စျေးထဲသို့ခပ်မြန်မြန် ဝင်လာလိုက်သည်။
မနက်ခင်းစောစောသာရှိသေးသဖြင့် စျေးထဲတွင်အသံပေါင်းစုံဖြင့် ဆူညံနေသည်။ချန်းနို ဂရုတစိုက်ဖြင့်အဆင့်၁စွမ်းအင်ပြား တစ်သောင်းခွဲပါသောသိုလှောင်အိတ်ကို ပို၍လုံခြုံရန်ခပ်တင်းတင်း ချည်နှောင်လိုက်သည်။ ဒီသိုလှောင်အိတ်ကိုလွန်ခဲ့သည့် ရက်အနည်းငယ်ကမှ သူဝယ်ထားခဲ့ခြင်း ဖြစ်သည်။လျှိုကွမ်းသူ့ကိုပေးထားခဲ့သည့် သို့လှောင်အိတ်ကိုတော့ သူ့အဆောင်ထဲတွင်သေသေချာချာ ဖွက်ထားသည်။
BẠN ĐANG ĐỌC
တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့
Viễn tưởngOriginal Author - Sha Xiao Wan Eng translator - Reika Complete chapter - 131 This is my first translation.