အပိုင်း ၅

4.2K 504 28
                                    

Unicode

လျှိုကွမ်း၏စကားတွေက ချန်းနိုကိုကြက်သီးထ,သွားစေ၏။ သို့သော် ထိုကလေး၏ဆံပင်ရဲရဲလေးတွေကိုကြည့်ရင်းဖြင့် မည်သို့မျှပြန်မတုံ့ပြန်ဖို့ကိုသာ သူအမျှော်အမြင်ရှိရှိရွေးချယ်လိုက်သည်။

အားလုံးပြီးသွားသည့်နောက်တွင်တော့ ဆာလောင်မှုကြောင့်သူ့ဗိုက်တွေက ဟောင်းလောင်ဖြစ်နေပြီး ကျောနဲ့နံနှင့်ပင်ကပ်နေပြီဟုပင် ထင်နေရသည်။

လျှိုကွမ်းကကျင်လည်စွာ မီးမွှေးလိုက်ပြီးတော့ မီးဖိုပေါ်သို့ဒယ်အိုး​ဟောင်းကြီးတစ်အိုးကိုတင်လိုက်သည်။ ထို့နောက် ခပ်ကြီးကြီးအသားတုံးတစ်တုံးကို ထိုထဲကိုထည့်လိုက်ပြီးနောက် ရေလောင်းထည့်လိုက်ကာ ဆားအနည်းငယ်ခပ်လိုက်သည်။ မီးကတောက်လောင်နေပြီး တစ်ခါတရံတွင်လျှိုကွမ်းက လိုအပ်သည့်နေရာများကို ထင်းထပ်ထည့်၏။ ဟင်းအိုးဆူလာသည့်အခါတွင် အငွေ့တွေထွက်လာပြီး  မွှေးကြိုင်နေသည့် ဟင်းနံံ့တွေက အနီးအနားပတ်ဝန်းကျင်ကို ပျံ့နှံ့သွား၏။

ချန်းနိုက မီးမွှေးရန်လိုအပ်သည့်အရာတွေကို သေချာလိုက်ကြည့်၍ မှတ်သားထားသည်။ သူကဤနေရာကြီးကို ရုတ်တရက် ရောက်လာခဲ့ခြင်းဖြစ်၍ မီးမွှေးခြင်းစသည့် အရာအားလုံးကို သိလည်းမသိ၊ တတ်လည်းမတတ်။ထို့ကြောင့် သူအော်ငိုချင်စိတ်ပင်ပေါက်လာမိ၏။

မွှေးကြိုင်နေသည့်ဟင်းနံ့က အနီးအနားက ၁၁နှစ်၁၂နှစ်အရွယ် ကောင်လေးတွေကိုဆွဲဆောင်လိုက်လေသည်။ ထိုကလေးတွေက သူတို့အနားကိုမလာဝံပဲ အဝေးကနေသာမျှော်ကြည့်၍ တံတွေး​တွေမြိုချနေကြ၏။ လျှိုကွမ်းကသူတို့ကို အနှောင့်အယှက်ဖြစ်စွာ တစ်ချက်လှမ်းကြည့်သည်။ တကယ်တော့ သူကသူ့ဇနီးလောင်းနဲ့အတူ နှစ်ယောက်ထဲသာစားချင်တာဖြစ်သည်။  သူကစိတ်မရှည်စွာဖြင့် ချန်းနိုကိုညွှန်ပြ၍ ပြောလိုက်သည်။

"သူကချန်းနို..။ ငါ့ရဲ့လူပဲ..။ တကယ်လို့ မင်းတို့ထဲကတစ်ယောက်ယောက်ကများ သူ့ကိုထိရဲခဲ့ရင် မင်းတို့ခြေထောက်တွေကျိုးသွားလို့ ငါ့ကိုအဆိုးမဆိုနဲ့!..။ ချန်ချွန်း! အသားနည်းနည်းလာယူချည်။ ပြီးရင်မင်းတို့ဘာသာမင်းတို့ မျှစားကြ.."

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Onde histórias criam vida. Descubra agora