အပိုင်း ၂၀

2.9K 431 15
                                    

ချန်းနိုက ယုန်ထက်ပင်လျင်မြန်သော အရှိန်ဖြင့်ပြေးလွှားနေသည်။ ဤကမ္ဘာကြီး၌ အချိန်တစ်ခုခန့်နေပြီးသည်တွင် ဒီရွာကမြေမျက်နှာသွင်ပြင်အနေအထားတွေနှင့် ချန်းနိုရင်းနီးနေချေပြီ။ သို့ဖြစ်လေရာ ပိုက်ကွန်ကဲ့သို့သောရှုပ်ထွေးနေသည့် လမ်းချိုးလမ်းကွေ့တွေကြားထဲကို ကျွမ်းကျင်လျင်မြန်စွာဖြတ်ပြေးနိုင်၏။ ထို့ကြောင့် လူငယ်လေးကသူ့ကို လိုက်မမှီတော့။ ခေတ္တကြာတော့ သူ့အနောက်ကနေ စူးရှသောအော်ဟစ်သံနှင့် ဘန်းးဟူသောအသံတွေကို သူကြားလိုက်ရ၏။

ထိုအသံများနှင့်ပတ်သတ်၍ သူ၏ခံစားချက်ကမကောင်း။ ပြေးနေရင်းဖြင့် အနောက်ကိုလှည့်ကြည့်လိုက်သည်။ ထိုအခါ ရေခဲမြွေကလျင်မြန်လှသောအရှိန်ဖြင့် သူ့ခန္ဓာကိုယ်ကိုကွေ့ကောက်၍ ချန်းနိုနှင့်မီတာ၂၀ မီတာ၃၀ အကွာလောက်ကနေ လိုက်လာသည်ကို တွေ့လိုက်ရ၏။ ထို့ပြင် ထိုမြွေကတရူးရူးဖြင့် အငွေ့တွေကိုမှုတ်ထုတ်နေသေးရာ ထိုအရာဖြတ်သွားသည့်နေရာတိုင်းတွင် အငွေ့တွေကျန်နေခဲ့၏။ ရေခဲမြွေကိုချန်းနိုတွေ့နေရသော်လည်း လူငယ်လေးကိုမူမတွေ့ရ။

အကယ်၍ ထိုမြွေကသူ့ကိုလိုက်မှီသွားခဲ့လျှင် သူအရှင်လတ်လတ်မျိုချခံရလျှင် မျိုးချခံရ၊ သို့မဟုတ် ခဲပြီးသေလျှင်သေရနိုင်၏။ ချန်းနိုကအလွန်အမင်း မောပန်းလာသည့်တိုင်အောင် ပြေးနေသည့်အရှိန်ကိုတော့ ထူးဆန်းစွာ ထိန်းထားနိုင်သေး၏။  အားအင်တွေကိုခြေထောက်တွေထံစု၍၊ ယခင်ကထက်မည်ကဲ့သို့ မြန်အောင်ပြေးရမည်လဲဆိုသည်အား သူသတိမထားမိသည့် အချိန်တည်းကသဘောပေါက်နေခဲ့ပြီဖြစ်သည်။

ချန်းနိုကလမ်းချိုးတစ်ခုထဲကို ကွေ့သွားလိုက်သည်။ သို့သော်  ထိုလမ်းကြားထဲတွင် လူငယ်လေးက ဓားကိုကိုင်၍မတ်တပ်ရပ်နေ၏။ ထိုအချင်းအရာကိုမြင်သည့်အခါ ချန်းနို အမြန်ပင်အနောက်ကိုလှည့်၍ ပြေးလမ်းကိုရှာသည်။ သို့သော် အနောက်တွင်လည်း ရေခဲမြွေကသူ့လမ်းကို ပိတ်ထားချေပြီ။ ဘေးဘီနှစ်ဘက်တွင်လည်း တစ်ဖက်ကရွံ့နံရံဖြစ်ပြီး၊ ကျန်သည့်တစ်ဘက်တွင် အိမ်တစ်အိမ်ရှိနေ၏။ သူမည်သို့မျှမလွတ်မြောက်နိုင်တော့။

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Donde viven las historias. Descúbrelo ahora