အပိုင်း ၃၆

2.2K 345 39
                                    

Unicode

ဆေးဖော်စပ်ခြင်းနှင့် ကုသခြင်းတို့တွင် ‌ဆရာတစ်ဆူဖြစ်သော ချင်းဟွာဂိုဏ်း၏ အကြီးတစ်ယောက်က တောက်တိုမယ်ရလုပ်ရန်အတွက် တပည့်သားနှစ်ဦး လိုအပ်နေသည်။ သူတို့ကအဆင့်၄တပည့်သားနှစ်ယောက်ကို တောင်းဆိုထားပြီး၊ အလုပ်လုပ်ခွင့်ရမည်နှစ်ယောက်၏ ထောက်ပံ့ကြေးက ချန်းနိုယခုရနေသော ထောက်ပံ့ကြေး၏ နှစ်ဆခန့်ဖြစ်သည်။ ထို့အပြင် လုပ်ငန်းခွင်၌ကောင်းကောင်းလုပ်နိုင်ပြီး၊ သူတို့၏ပါရမီနှင့်ကျွမ်းကျင်မှုကို ပြသနိုင်ပါကအကြီးအကဲ၏ တရားဝင်တပည့်သားအဖြစ် ခန့်အပ်ခြင်းခံရနိုင်သည်။ 

လီချင်းကအပြုံးတစ်ပွင့်နှင့် ချန်းနို၏ပခုံးကိုပုတ်ကာ ထိုသတင်းကိုပြောသည်။ 

"ဒီနှစ်လာတဲ့ဂျူနီယာတွေထဲကနေ အာရုံနိုင်စွမ်းနဲ့သင်လွယ်တတ်လွယ်တဲ့ သူတွေထဲမှာမင်းလည်းပါတယ်..။ မင်းကြောင့်သာမဟုတ်ရင် ဝမ်ဟွေးကိုငါတို့ ကယ်လိုက်နိုင်မှာ မဟုတ်ဘူး.။ သွားပါ..။ အဲ့ဒီကလုပ်ငန်းတွေကို အကောင်းဆုံးဆောင်ရွက်ပြီး ပိုင်ချောင်ယွမ်ကိုဂုဏ်ဆောင်ခဲ့.." 

သို့သော်လည်း သူချန်းနိုကိုရွေးရခြင်း၏ တကယ့်အကြောင်းအရင်းကိုမူ ထိန်ချန်ထားခဲ့သည်။ ဒီနေ့မနက်တွင် လျှိုကွမ်းကချန်းနိုကိုလာရှာခဲ့ပြီး၊ ချန်းနိုကိုဂရုစိုက်ပေးဖို့ သူ့ကိုလည်းမှာခဲ့သေးသည်။ အဆင့်မြင့်ဂိုဏ်းသားတစ်ယောက်က တောင်းဆိုလာလျှင် လိုက်လျောပေးရလိမ့်မည်။  ထိုကိစ္စကြောင့်သာမဟုတ်လျှင် ပိုင်ချောင်ယွမ်ကိုရောက်တာ လဝက်တောင်မကြာသေးသည့် ဂျူနီယာတစ်ယောက်က ထိုကဲ့သို့ကောင်းသည့် အခွင့်အရေးကိုရမည်မဟုတ်။ 

ချန်းနိုကအလွန်ပျော်နေပြီး၊ လီချင်းကိုစိတ်ရင်းနှင့် ကျေးဇူးတင်လိုက်သည်။ ထို့နောက် လီချင်းကသူ့ကိုစိတ်ခွန်အားပေးသည့် စကားအနည်းငယ်ပြောကာ ထွက်သွားတော့သည်။  

ထိုကိစ္စက နဥ်ဇီ၏ညဘက်အိပ်ရာထဲတွင် လီချင်းအားတိုက်တွန်းခဲ့မှုနှင့် ဆိုင်လိမ့်မည်ဟုသူထင်သည်။ ထို့ကြောင့် ချန်းနိုကမုန့်တချို့နဲ့ အဝတ်အစားတစ်စုံဝယ်လိုက်ပြီး နဥ်ဇီအားပေးလိုက်သည်။ အမ,တွေကသူတို့၏ ညပိုင်းတာဝန်အပြင်၊ ပိုင်ချောင်ယွမ်မှ ဂိုဏ်းသားရာကျော်၏ အဝတ်တွေကို လျှော်ရသည်။ နဥ်ဇီကလက်ဆောင်တွေကို ယူလိုက်ပြီးချန်းနိုအားမျက်စိမှိတ်ပြသည်။ 

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Where stories live. Discover now