အပိုင်း ၄

4.4K 529 2
                                    

Unicode

လျှိုကွမ်းကစိတ်ဆိုးပြီး တိတ်ဆိတ်နေစဥ် ချန်းနိုကရေချိုးပြီးသွားချေပြီ။ ချန်းနိုက ငြိမ်နေသည့်လျှိုကွမ်းကိုကြည့်၍ ရယ်ကာ၊မောကာဖြင့်ဆိုသည်။

"လျှိုကွမ်း! မျက်နှာနဲ့လည်ပင်းကိုပြောင်အောင်ဆေးခဲ့.."

ချန်းနိုချေးတွန်းပေးမည်ကိုကြောက်နေသည့် လျှိုကွမ်းကထိုသူကမ်းပေါ် ပြန်တက်သွားသည်ကို သိလိုက်သည်။ သူကမှုန်တေတေနှင့် လှမ်းပြောလိုက်သည်။

"ငါ့အဝတ်တွေကို ကမ်းစပ်နားလာထားပေး..။ ပြီးရင် အနောက်ကိုလှည့်နေ..."

ယခုရာသီကနွေရာသီမို့ အဝတ်တွေကခြောက်သွားပြီဖြစ်သည်။ ချန်းနိုက လျှိုကွမ်း၏အဝတ်အစားတွေကို ကမ်းစပ်နားကကျောက်တုံးတစ်တုံးပေါ်တွင် တင်ပေးလိုက်ပြီး၊ ကိုယ်တော်လေးရဲ့သဘောတော်ကျ အနောက်လှည့်နေပေးလိုက်သည်။ သူက အနီးအနားကအပင်တွေနဲ့ လယ်ကွင်းတွေကိုသာ ငေးနေလိုက်တော့၏။ 

ဒီပတ်ဝန်းကျင်နားကတိမ်တွေက မီးခိုးရောင်သန်းနေသည်။ အပင်တွေတောင်မှသိပ်ပြီးတော့ မစိမ်းဆိုလှ။ လယ်ကွင်းတွေထဲတွင် ကောက်ပဲသီးနှံများက ဟိုတစ်ကွက်ဒီတစ်ကွက်ဖြင့်၊ ကျိုးတိုကျဲတဲပေါက်ရောက်နေ၏။ သူတို့နှင့်ခပ်ဝေးဝေးတွင် ရှိနေသောတောင်တန်းကြီးကိုလည်း မှုန်ဝါးဝါးမြင်နေရသေးသည်။

ချန်းနိုနားလည်ရခက်သွား၏။ ယခုမြင်ကွင်းအရ သူရောက်နေသည်က ရှေးခေတ်ဆိုသည်ကို သူသိသည်။ပြီးတော့ ဤနေရာကလူဦးရေနည်းသည့် ဆင်းရဲသားရွာလေးတစ်ရွာသာဖြစ်၏။ ထိုသို့ဖြစ်လေရာ မည်သို့ဖြစ်ပြီး ဤအနီးအနားတွင် အမှိုက်တောင်ကြီးရှိနေရသည်လဲ?..။

လျှိုကွမ်းက ချန်းနိုသူ့ဘက်ကို ရုတ်တရက်ပြန်လှည့်လာမည်အား စိုးရိမ်သဖြင့် အဝတ်အစားတွေကို အမြန်ဝတ်လိုက်၏။ ထို့နောက် သူဆံပင်တွေကိုလက်ချောင်းလေးတွေနဲ့ ဖြစ်သလိုဖြီးလိုက်ပြီးမှ ချန်းနိုကိုခေါ်လိုက်သည်။

"ရပြီ..။ ဒီဘက်ကိုပြန်လှည့်တော့..''

ချန်းနိုကနောက်ကိုလှည့်ကြည့်လာ၏။ ထိုအခါ သန့်ရှင်းနေသောလျှိုကွမ်းကို တွေ့လိုက်ရသည်။

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Dove le storie prendono vita. Scoprilo ora