အပိုင်း ၂၃

2.7K 460 46
                                    

မမျှော်လင့်ထားသည့်ဖြစ်ရပ်ကြောင့် မှင်တက်ကြောင်အ,နေသည့်ချန်းနိုကို ပိုင်ရွဲ့ကလစ်လျူရှုပြီး တံခါးကိုဖွင့်၍အပြင်သို့ထွက်သွားသည်။

အခန်းထဲမှလျှိုကွမ်းက ချန်းနို၏ပြောစကားတွေကို ကြားလျှင်ကြားချင်းပင် ချက်ချင်းအပြင်သို့ကိုပြေးထွက်လာပြီး ချန်းနိုကိိုစူးစူးဝါးဝါးကြည့်သည်။

"မင်းကဘာဖြစ်လို့သူ့အပေါ်ဒီလောက်ကောင်းပေးနေရတာလဲ? ပြီးတော့ ညစားလည်းစားခိုင်းနေသေးတယ်..။ အဲ့ကောင်ကိုဒီလောက်ကြီးလုပ်ပေးနေစရာမလိုဘူး..."

ချန်းနိုကလျှိုကွမ်း၏နဖူးလေးကို ခပ်ဖွဖွလေးပုတ်၍ပြုံးသည်။

"သူ့ဒဏ်ရာတွေကအခုထိ သက်သာသေးတာမဟုတ်ဘူးလေ..။ သူကငါတို့ကိုကူညီပေးခဲ့တာပဲ ဒီလောက်ကြီးကပ်စေးနှဲမနေပါနဲ့ကွာ..။ နော်..။ ပြီးတော့ မင်းတို့နှစ်ယောက်ကသူငယ်ချင်းကောင်းတွေ ဖြစ်လာမယ်လို့လည်းငါထင်တယ်.."

လျှိုကွမ်း၏နှုတ်ခမ်းလေးတွေက ပါးလျသွားပြီး၊အလိုမကျစွာပြောသည်။

"ငါဘယ်တုန်းကကပ်စေးနှဲနေလို့လဲ..။ ပြီးတော့ ဘယ်သူကအဲ့ဒီပိုင်မျိုးရိုးနဲ့သူငယ်ချင်းဖြစ်လာမှာလဲ?..။ နေပါဦး ငါမေးပါဦးမယ်..။ မင်းကိုအဲ့တုန်းကအခန်းထဲဝင်လာပါလို့ ဘယ်သူကပြောလို့လဲ?..။ နောက်တစ်ခါ တခြားလူတွေရဲ့ခန္ဓာကိုယ်ကို လုံးဝမကြည့်ရဘူး.."

ချန်းနို၏မျက်လုံးထောင့်လေးတွေက တုန်ရင်သွားသည်။ နောက်အကြိမ်တွေဆိုလျှင် ထို'ငှက်နှစ်ကောင်'ကို သူယောင်လို့ပင်ကြည့်မည့်မဟုတ်။ ဘယ်သူကများ ယခုလိုကြောက်စရာကောင်းသည့်အရာကြီးကို သည်းခံနိုင်လိမ့်မတုန်း။

ချန်းနို၏လက်ကဒဏ်ရာရနေသည်ဖြစ်ရာ အစားအစာတွေကိုသူတို့နှစ်ယောက်အတူ ချက်ပြုတ်ကြသည်။ လျှိုကွမ်းကဟင်းမချက်တတ်သော်လည်း ဟင်းသီးဟင်းရွက်တွေလှီးခြင်းနှင့် ခေါက်ဆွဲခွဲခြင်းတို့တွင်တော့ကျွမ်းကျင်၏။ အရင်ဆုံး သူတို့ကအဖြူရောင်ပေါက်စီတွေကို ပေါင်းလိုက်ကြသည်။ ပြီးနောက်တွင် ဟင်းခြောက်မျိုးကိုအစဥ်လိုက် ချက်ပြုတ်ကြ၏။ နောက်ဆုံးတွင်တော့ လျှိုကွမ်းအမဲလိုက်ရာမှရခဲ့သည့်သားကောင်၏ အသားတွေကိုနှချက်လိုက်ကြသည်။ ဟင်းတွေကျက်သော် နှစ်ယောက်သားက ဗိုက်တွေဖောင်းကားနေသည်အထိ စားပစ်လိုက်ကြ၏။

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Waar verhalen tot leven komen. Ontdek het nu