အပိုင်း ၁၅

3.3K 498 21
                                    

Unicode

ဒီကမ္ဘာကြီး၏အန္တရာယ်များလှသော ထူးဆန်းထွေလာ သားရိုင်းကောင်တွေအကြောင်းကိုတွေးမိရင်းဖြင့် ချန်းနိုကနာကျင်မှုတွေကို တောင့်ခံ၍ထ,ထိုင်လိုက်သည်။ ခပ်ဝေးဝေးကမြက်တွေကြားထဲတွင် နီရဲနေသည့်မျက်လုံးတစ်စုံ၏ ဖြစ်တည်မှုကိုမြင်လိုက်ရသဖြင့် သူ့ဆံပင်တွေထောင်သွားပြီ သွေးတွေခဲသွားသလိုခံစားသွားရသည်။

တောင်ပေါ်ကမြေတွေအကုန်လုံးက ကျက်တီးမြေတွေဖြစ်သည်။ ချန်ချွန်းကသူတို့ကို ဝေးဝေးလံလံရောက်အောင် မတွန်းချနိုင်ခဲ့လောက်။ ရွာ၏အနီးအနားကတောင်တွေပေါ်တွင် အန္တရယ်ရှိသည့်သားရိုင်းကောင်နှစ်မျိုးရှိသည်။တစ်မျိုးက မျက်လုံးစိမ်းချီကျိုင်းကောင်တွေဖြစ်ပြီး နောက်တစ်မျိုးမှာမျက်လုံးနီ ကျူးယွင်ကောင်တွေဖြစ်၏။ 

(T. N ကျူးယွင် - နီရဲမီးတောက်သားရဲ)

ဒီကမ္ဘာကိုရောက်သည့်အချိန်တည်းက ယခုချိန်ထိ လျှိုကွမ်းကကျူးယွင်ကောင်တွေကိုအမဲမလိုက်ခဲ့ဖူးချေ။ ထို့ကြောင့် ချန်းနိုထိုအကောင်တွေကိုမမြင်ဖူးခဲ့။သို့သော် လျှိုကွမ်း ပြန်ပြောပြတာကိုတော့သူကြားဖူး၏။ ကျူးယွင်ကောင်တွေက အတော်လေးရှားပါးသည်။ ထိုကောင်တွေက ချီကျိုင်းကောင် တွေထက် မီတာဝက်ခန့်ပိုရှည်ကာ၊ ခေါင်းတစ်လုံးစာ ပို၍မြင့်သည်။ သူတို့တွေကအလွန်အမင်း ရက်စက်ကြမ်းကြုတ်တတ်ပြီး ညဏ်လည်းများသည်။ ထိုသားရဲတွေကတစ်ကောင်တည်း အမဲလိုက်လေ့ရှိသော်လည်း တချို့သောရွာသားတွေက မုဆိုးအဖြစ်ကနေသားကောင်ဖြစ်သွားကာ ထိုသားရဲ၏သတ်ဖြတ်စားသောက်မှုကို ခံခဲ့ရဖူးသည်။

ချန်းနိုကစိတ်ကိုတည်ငြိမ်အောင်ထိန်း၍ အခြေအနေကိုဆင်ခြင်သည်။ သူကပိုင်ရွဲ့၏ဓားတိုလေးကိုသတိရသွားပြီး ပိုင်ရွဲ့၏ခါးနားကိုစမ်းလိုက်သည့်အခါတွင် ထိုဓားတိုကတကယ်ရှိနေခဲ့သည်။ ချန်ချွန်းကသူပြောတဲ့ပုံပြင်ကို တခြားသူတွေယုံကြည်စေရန် ဓားကိုလည်းပိုင်ရွဲ့နဲ့အတူ ထည့်ပေးလိုက်မှာသေချာသည်။ ချန်းနိုကဓားကိုယူလိုက်ပြီး ပိုင်ရွဲ့ကိုဂရုတစိုက်ဖြင့် ကျောက်ဆောင်တစ်ခုနားသို့ ညင်ညင်သာသာလေး ရွှေ့လိုက်သည်။

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Tempat cerita menjadi hidup. Temukan sekarang