အပိုင်း ၄၀

2.4K 348 31
                                    

Unicode

ချန်းနိုမှာအကြံထုတ်ဖို့ အချိန်ပင်မရတော့။ အပြုံးတစ်ပွင့်ကို ဆင်မြန်းရင်းနှင့် မော့ကြည့်လိုက်သည့်အခါတွင် တုန်လှုပ်သွားသည်။ ယခုလျှိုကွမ်း၏ပုံစံက အရင်နေ့တွေကနှင့် မတူပဲကွဲပြား‌နေသည်။ 

လျှိုကွမ်းက မည်သည့်ပန်းထိုးကွက်မျှမပါသည့် အရည်အသွေးမြင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ကျယ်ပြန့်သောခါးစည်းနှင့် ရိုးရှင်းသည့်ဝတ်စုံက သူ့အားပို၍ ‌ယောကျ်ားဆန်စေပြီး၊ မြင့်မားသည့်အရပ်ကို ပို၍ပေါ်လွင်စေသည်။ အမြဲတမ်းလိုလို ပြေလျော့ပြီးပွနေတတ်သည့် အနီရောင်ဆံပင်ရှည်တို့ကိုမူ ခပ်မြင့်မြင့်‌‌မြှောက်စည်းထားသည်။ ထို့အပြင် သူကမျက်နှာကိုချီထားပြီး၊ မျက်ဝန်းတို့ကိုခပ်ယောင်ယောင်လေး ကွေးထားသဖြင့် သူ့ပုံစံကအလွန်အထက်တန်းစား ဆန်လှပြီး၊မြင်သူတိုင်းကို ငေးမောစေသည်။ (ကြွေ🔥) 

ဒီလူငယ်လေးက ချန်းနို၏နှလုံးသားထဲတွင် ထာဝစဥ်ကလေးလေး တစ်ယောက်ဖြစ်နေခဲ့သည်။ သို့သော် တကယ်တမ်းတွင်တော့ သူ၏ထာဝစဥ်ကလေးလေးက အတော်လေးအရွယ်ရောက်နေခဲ့ပြီဖြစ်သည်။ ထိုအတွေးကသူ့ကို ခံစားသွားရစေသည်။ သူ့အကြည့်တွေက လျှိုကွမ်းခါးမှ ကျောက်စိမ်းအဆောင်လေးကို‌ ရောက်သွားသည့်အခါတွင်တော့ အပြစ်မကင်းသည့် ခံစားချက်တို့ ပေါ်ပေါက်လာခဲ့သည်။ 

"အာ..။ ငါမင်းကိုခေါ်ဖို့မေ့သွားလို့..." 

ချန်းနိုရူးချင်ယောင်ဆောင်လိုက်ပြီး၊ ထိုင်နေရာမှထ,ကာ ပြောလိုက်သည်။ 

"  မင်းနဲ့ပိုင်ရွဲ့လည်း မတွေ့တာကြာပြီပဲ..။ ငါတို့ဘာမှ မမှာရသေးဘူး..။ မင်းဘာစားချင်လဲ?..." 

လျှိုကွမ်းကသူ့ဘေးမှ လူနှစ်ယောက်ကိုလှမ်းကြည့်လိုက်ပြီး၊ သူ့အကြည့်ထဲတွင် အေးစက်မှုများပြည့်နှက်နေသည်။ သူကချန်းနိုဘေးတွင် ဝင်ထိုင်လိုက်ပြီး၊‌ ခေါင်းကိုအနည်းငယ် ယိမ်းရင်းဆိုသည်။ 

"မင်းပဲမှာလိုက်ပါ..။ ငါကမင်းချက်ထားတဲ့ ဟင်းတွေကိုပဲကြိုက်တာ..။ အပြင်ကစားစရာတွေနဲ့ အခုထိအကျွမ်းတဝင် မရှိသေးဘူး..." 

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Donde viven las historias. Descúbrelo ahora